Friday, December 2, 2016

လက်ဖက်ရည်တစ်ခွက် လျှော့သောက်ရန် တိုက်တွန်းမှုမှာ သွားလေသူ ထမင်းတစ်နပ် လျှော့စားဝန်ကြီးကို သတိရစေသည်ဟုဆို


Posted: December 1, 2016

လက်ဖက်ရည် တစ်ခွက် လျှော့သောက်၍ မျှဝေခြင်း အစီအစဉ်တွင် ပါဝင်ရန် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဒေါက်တာအောင်သူ၏ ပြောဆိုမှုသည် သွားလေသူ ထမင်းတစ်နပ်လျှော့စား ၀န်ကြီးကို သတိရစေသည် ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဒီဇင်ဘာ ၁ ရက်က ရေးသားလိုက်သည်။

 

“လ္ဘက်ရည်တစ်ခွက် လျှော့သောက်ဖို့ လယ်/ဆည် ဝန်ကြီးက ပြည်သူတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းလိုက်ပါတယ်။ သွားလေသူ ထမင်းတစ်နပ် လျှော့စား ဝန်ကြီးကို သွားသတိရလိုက်တာ” ဟု မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ရေးသားထားသည်။

 

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ စဥ့်ဝင်ကျေးရွာအုပ်စု၊ နမ့်ယွန်းချောင်းကူး သစ်သားတံတားကြီး ပြန်လည်ပြုပြင် ကူညီဆောင် ရွက် နိုင်ရေးနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းမှုကို ပြန်လည်ဖြေကြား ရာတွင် ပြည်ထောင်စုဝန်ကြီးက လဘ္ဘက်ရည် တစ်ခွက် လျှော့သောက်ပြီး မျှဝေခြင်း အစီအစဉ်တွင် ကူညီပါဝင်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံတော်ရဲ့ဘတ်ဂျက်ဟာ လုံလောက်မှု မရှိပါဘူး ။ဒါပေမယ့် လူတစ်ယောက်ဟာ တစ်နေ့ကို လက်ဖက်ရည် တစ်ခွက်လျှော့ သောက်ခြင်း အားဖြင့် မိမိလျှော့သောက်လိုက်တဲ့ လက်ဖက်ရည်တစ်ခွက်ဖိုး ထည့်ဝင်ခြင်း အားဖြင့် မျှဝေပေးမယ်ဆိုရင် ပိုက်ဆံရှိတဲ့သူက လုပ်မယ်ဆိုလို့ရှိရင် ဒါကျွန်တော်တို့ ၀န်ကြီးဌာနကနေ စတင်ပြီး အကောင်အထည်ဖော်မှာ ဖြစ် ပါတယ်။ လူတစ်ယောက် လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခြင်း အစီအစဉ် စိစစ်ရွေးချယ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စား လှယ် အချို့နဲ့လည်း တိုင်ပင်ထားပါတယ်” ဟု ဒေါက်တာအောင်သူ က ပြောကြားခဲ့သည်။

 

အဆိုပါအစီစဉ်ကို အကောင်အထည် မဖော်ရသေးသော်လည်း ပြင်ပ အဖွဲ့အစည်းများနှင့် တိုင်ပင်၍ နိုင်ငံတော်က မတက်နိုင်သည့် ကဏ္ဍများ အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ယင်းအစီစဉ်ကို ဆောင်ရွက်ရန် ရေးဆွဲပြီးဖြစ်သည်ဟုလည်း ဒေါက်တာအောင်သူက ဆက်လက်ပြောကြားခဲ့သည်။

 

ယခင် အစိုးရအဖွဲ့၊ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်က တောင်သူလယ်သမား များအား အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ် လျှော့စားလျှင် အဆင်ပြေမည် ဟု ပြောခဲ့ဖူးသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: