ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာကွင်းမှာ နှစ်စဉ်ကျင်းပပြုလုပ်နေတဲ့ မီးပုံပျံပွဲကို ကြည့်ရှုဖို့ ပွဲကျင်းပသူတွေက ဆိုင်ခန်းများ ဆောက်လုပ်ကာ အခကြေးငွေကောက်ခံပြီး စီစဉ်နေတာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မီးပုံးပျံကျင်းပရေး ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီက ဆိုင်ခန်းတွေ ဆောက်လုပ်ပြီး ပွဲတော်လာပရိသတ်တွေကို ငှားရမ်းသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေ မီးပုံးပျံပွဲလာရောက်ကြည့်ရှုရာမှာ ငွေကြေးနဲ့ ခွဲခြားမှုပြုလုပ်တာကြောင့် ဒေသခံမြို့မိမြို့ဖတွေက ကျေနပ်မှု မရှိဘဲ နိုဝင်ဘာလ ၁ ရက် ဒီနေ့ နေ့လယ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
လာမယ့် ၆ ရက်နေ့မှာစတင်ကျင်းပမယ့် တောင်ကြီး မီးပုံးပျံပွဲမှာ မီးပုံးပျံစုစုပေါင်း ၄၀၃ လုံးလွှတ်တင်ဖို့ စာရင်း ပေးသွင်းထားပါတယ်။
MCN
No comments:
Post a Comment