ကုန်သေတ္တာ ထုတ်ယူခွင့်ကို ဆိပ်ကမ်းအာဏာပိုင်က တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
အောက်တို ဘာလ ၃၁ ရက်နေ့က ကျင်းပတဲ့ စားသုံးသူသက်သာချောင်ချိရေးအတွက် ဆပ်ကမ်းလုပ်ငန်းစဉ် အဆင့်တွေလျှော့ချတာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွန်ကြားရေးမှုး(ပူးတွဲ) ဦးနီအောင်ကပြောကြားလိုက်တာပါ။
ယခုလုပ်ငန်းစဉ်ဟာ ကုန်ပစ္စည်းတင်သွင်း သူတွေအနေနဲ့ B/l (Bill of Lading ကုန်တင်ပို့လွှာ) မူရင်းပြနိုင်မှ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့ D/O လို့ခေါ်တဲ့ ကုန်ပစ္စည်းထုတ်ယူခွင့်ကို တိုက်ရိုက်ထုတ်ယူခွင့်ပြုတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ယခင်က ကုန်ပစ္စည်းတင်သွင်းသူအနေနဲ့ B/L ရရှိပေမဲ့တိုက်ရိုက်D/O မရဘဲ သက်ဆိုင်ရာ သင်္ဘောပိုင်ရှင်တွေဆီသွားပြီး R/O( Release Order)တောင်းခံရတဲ့ အတွက် အချိန်တွေကုန်ပြီးငွေကြေးပေးဆောင်ရ တာတွေရှိနေခဲ့ တာဖြစ်ပါတယ်။
ယခုအခါမှာတော့ အချိန်တွေကုန်ပြီးငွေကြေး ကုန်ကျစရိတ်များတဲ့ R/O အဆင့်ကိုလျော့ချလိုက်ချလိုက်ပြီး ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့ B/l မူရင်းနဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကိုယ်စားလှယ်လုပ်ငန်းမှာ တိုက်ရိုက် D/O ထုတ်ယူနိုင်အောင် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။
Share this:
MCN
No comments:
Post a Comment