#copy ✔ ✔ ✔ ✔ ✔
တောင်ကြီးတန်ဆောင်တိုင် ဘန်ဂလိုမှ ဖြစ်လာနိုင်
သည့် အကျိုးဆက်
-------------------------------
၁-အမိုးနှင့်ဖြစ်သဖြင့် မီးပုံးပျံတစ်လုံးတက်သွားတိုင်း ပြေးထွက်ကြည့်ရှုရမည်
(ဇိမ်ဖြင့်ကြည့်ရှုနိုင်မည်တွေးပြီးဝယ်လျှင် မှားမည်)
၂-ဘန်ဂလိုပေါ် (ဘန်ဂလိုအနီးတွင်)မီးပုံးပျံ ပျက်ကျခြင်းနှင့် ယမ်းကြဲမှုများ ဖြစ်ခဲ့ပါက ပြေးရန်ခက်ခဲခြင်း
(အရေးကြုံသဖြင့် ကွင်းပြင်တွင်ပြေးလျှင်ပင် အဆင်မပြေမှုများရှိသည်ကို ကြုံဖူးတွေ့ဖူးသူတိုင်းသိသည်)
၃-ထို့အပြင်အရေးကြုံလာသဖြင့် ပြေးရမည်ဆိုသော် ၅ ခန်းတွဲ ဘန်ဂလိုများဖြစ်သဖြင့် အလည်ခန်းများ ပိတ်မိကျန်နေနိုင်ခြင်း
၎-လွန်စွာစည်ကားသော အဖိတ်နှင့် လပြည့်
နေ့များတွင် မီးပုံးပျံလွတ်တင်သည့်ကွင်းထဲသို့
လူဝင်ရောက်မှုကိုတားမြစ်သဖြင့် ဘန်ဂလိုမရှိသောနှစ်များတွင်ပင် လူကြပ်သည့်ပြဿနာရှိသည်
ယခု ဘန်ဂလို ၂၀၀ ဆိုသည့် အကျယ်ဝန်းကြောင့် ကွင်းကျဉ်းသွားသည်ကို တွက်ကြည့်စေလိုသည်
၅-တောင်ကြီးသား တောင်ကြီးသူ အားလုံးနီးပါး
(တော်တော်များများ)သည် ထိုဘန်ဂလိုတွင်
အခမဲ့ပေးကြည့်မည်ဆိုလျှင်ပင် အန္တရယ်ကို
မြင်ကြသဖြင့် ကြည့်မည်မဟုတ်ပါ
ဘန်ဂလိုဆောက်နေခြင်းအစီစဉ် ရပ်ဖို့တော့
မဖြစ်နိုင်လောက်တော့ပါ ထို့ကြောင့်
နယ်မှလာသူဧည့်သည်များ ထိုဘန်ဂလိုများတွင်
ကြည့်ပြီး ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့်
ယခုစာအားရေးသားရခြင်းဖြစ်ပါသည်
--------------------
Htein Lin
1.11.2016 (ပွဲစရန် ၆ရက်အလို)
photo/ fb
No comments:
Post a Comment