Tuesday, November 1, 2016

#တန်ဆောင်တိုင်ရဲ့အကျဉ်းတန်ည

တောင်ကြီးတန်ဆောင်တိုင်ဆိုတာ ကမ္ဘာသိ မြန်မာသိပါ
အခုလုပ်ရက်က ပိုသိအောင်လုပ်တာလား ငတ်ကြီးကျတာကိုဖော်ထုတ်တာလား မဝေခွဲတတ်
ရှမ်းပြည်သားတွေကတော့ အသင်တို့ ငတ်ကြီးကျခြင်းကို တရားဝင်ဖော်ထုတ်လိုက်သည်ဟုသာခံစားမိသည်
သနားလည်းသနားမိသည် ဒီပွဲမှာမှ ဒီလိုလုပ်မစားရင် အသင်တို့လုပ်စားစရာနေရာမရှိတော့ဘူးလားဟု ထင်မိသည် သို့သော် လက်မခံပါ တန်ဆောင်တိုင်ပွဲက ရိုးရှင်းတဲ့ဝင်္ကပါတစ်ခုပါ လူငယ် လူကြီး ဆင်းရဲ ချမ်းသာမရွေး ဒီပွဲကို လာကြည့်သူတိုင်း မီးပုံးပျံဖန်တီးသူတိုင်း အသက်တွေကိုရင်းထားရသည် နှလုံးသားတွေပါသည် မျှော်လင့်ချက်တွေပါသည် ကျမတို့ရဲ့အသက်ကိုတော့ ဘန်ဂလိုထဲမှာ မကုန်ဆုံးချင်
ငွေကြေးဗန်းပြပြီး လုပ်စားတဲ့ပွဲလို့လည်း လူသိမခံချင်ပါ ကျမတို့ရဲ့နှလုံးသားတွေကို လွတ်လပ်စွာကြည့်စေချင်သည် ထို့ကြောင့် ဘန်ဂလိုဆောက်၍သင်တို့ထမင်းဖိုးရှာခြင်းကို အပြောင်းအလဲမရှိပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်

No comments: