မန္တလေး၊ နိုဝင်ဘာ ၂၂
မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ လက်ပြတိုင်အနီးတွင် ယနေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၈ နာရီခန့်က အမျိုးသား တစ်ဦး လည်လှီး သတ်ခံရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကျောက်ဆည်မြို့ စုကုန်းရပ်ကွက် လက်ပြတိုင်အနီးတွင် မျက်နှာဖုံးစွပ်ထားသူ လူသုံးဦးက ဝိုင်းဝန်း ချုပ်နှောင်ကာ လည်ပင်းလှီး၍ သတ်ခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုသည်။
သေဆုံးသူမှာ ဦးဇော်ဝင်းနိုင်ဆိုသူဖြစ်ပြီး ကျန်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း မြို့နယ်မှူး ရဲမှူး သိန်းဝင်းက ပြောကြားသည်။
No comments:
Post a Comment