ဟိုး လွန်ခဲ့တဲ့အနှစ်နှစ်ကျော်ကအာဏာရှင်စစ်အစိုးရ
ခေတ် ( ဗမာ့နိုင်ငံရေးအကြောင်း ) ဆိုရင် ဖင်တုန်
ဒူးတုန် သေးထွက် ကျအောင် ကြောက်တတ်သူတွေ
အခု အမေစု ဒီမိုကရေစီအစိုးရခေတ်မှာပွင့်လင်းလာ
တော့ ဖုန်းလေးတွေနဲ့ နိုင်ငံရေးစကားတွေလူမှု့ကွန်
ယက်မှာပြောလာတာတွေ့ရတော့ ကြိုဆိုပါတယ်။
ဒါပေမဲ့ ...
နိုင်ငံရေးစာပေတွေဖတ်စေချင်လေ့လာစေချင်တယ် ..
ဗိုလ်ချုပ်တို့လွတ်လပ်ရေးကျိုးပမ်းမှု့ခေတ်..
နောက်... ပါလီမန်ဒီမိုကရေစီဦးနုခေတ်...
နောက်..ဗိုလ်နေဝင်းရဲ့တော်လှန်ရေးကောင်စီဆိုပြီး စစ်တပ်အာဏာသိမ်းတဲ့ခေတ်... နဲ့
အနဲဆုံးတော့ ၁၉၈၈ ကနေ
ဒီနေ့ထိ လောက်တော့ လေ့လာသင့်တယ်..
ဘာမှမလေ့လာပဲ ပြောရရင်ပြီးရော ဆိုပြီးဖေ့ဘုတ်ခ်
ပေါ်မှာထင်ရာမြင်ရာပြောတော့ ကိုယ်ဖွတ်ကြားမှန်း
လူသိတာကုန်တာပေါ့ ...
နောက်..
ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာမစဉ်းစားပဲနဲ့ လိုချင်တာတွေများ...မဖြစ်ရသေးကောင်းလားဆိုပြီး
(ရမ်း)နေတာကတော့ အချောင်သမားဖြစ်မှန်းမသိ
ဖြစ်သွားတတ်တယ်ဆိုတာသတိပေးချင်ပါတယ်။
အထက်က ကျနော်ပြောခဲ့သလိုဗမာ့နိုင်ငံရေးကို
အပိုင်းလိုက်ဖတ်ရှု့လေ့လာပြီးရင် လက်တွေ့ကျကျ
စဉ်းစားပါ ..
ဒါဆိုရင် လက်ရှိအစိုးရရဲ့ ပကတိအခြေအနေမှန်ကို
ခင်ဗျားတို့ ကိုယ်ချင်းစာမိပါလိမ့်မယ်... NLD -
လွှတ်တော်အမတ်တွေထဲမှာ ခရိုနီစီးပွားရေးသမား
တွေ..လုပ်က်ကွက်မပြနိုင်တဲ့အချောင်သမားတွေ ...
ယောင်ဝါးဝါးနဲ့ အမတ်တွေ ပါချင်ပါနေပါလိမ့်မယ်။
အန်တီစု သိလိုက်တာမှ သိပ်သိပေါ့ ...ဒါကြောင့်
နိုဝင်ဘာရွေးကောက်ပွဲအကြို မဲ ဆွယ်စဉ်က လူမကြည့်
နဲ့ ပါတီ ကိုပဲကြည့်လို့ ပြောခဲ့တာပဲဖြစ်တယ်ဆိုတာကို
သတိရစေချင်ပါတယ်။
ဗမာပြည်နိုင်ငံရေးလောက မှာ ခရိုနီစီးပွားရေးသမား
ဆိုတာ ၁၉၈၈ - မှ စစ်အစိုးရကျေးဇူးနဲ့ ကျိကျိတက်
ချမ်းသာလာကြတာပါ ...
နိုင်ငံရေးလောကထဲက စီးပွားရေးသမားဆိုတာ
ပြည်သူတွေ " ငတ်နေတာ" သူတို့နဲ့မဆိုင်ဘူး ။
နိုင်ငံရေးသမား ကတော့ ပြည်သူတွေ " ငတ် "
နေတာ သူတို့နဲ့ဆိုင်တယ်လို့ သတ်မှတ်တယ် ။
စီးပွားရေးသမားဟာ သူဘယ်လို "ရ "မလဲ အမြဲစဉ်းစားလေ့ရှိတယ် ။
နိုင်ငံရေးသမားကတော့ သူ ဘယ်လို "ပေး " ရမလဲ
လို့ အမြဲစဉ်းစားတယ်..
စီးပွားရေးသမားကတော့အလှုအတန်းလုပ်ရင်တောင်မှ ဘယ်ဘုန်းကြီးနောက်မှဘယ်သူတွေရှိတယ်ဆိုတဲ့
အမြင်နဲ့ဘုန်းကြီးကိုကျော်ကြည့်ပြီးမှ လှုလေ့ရှိတယ် ။
ရန်ကုန်တိုင်း PM ဖြိုးမင်းသိန်းအကြောင်းပြောမယ်။
ဖြိုးမင်းသိန်းဟာ NLD - ရဲ့အမာခံနိုင်ငံရေးသမား
တယောက်ပဲ ..
ခုချိန်ထိ.. ဖြိုးမင်းသိန်းလုပ်တာတခုမှအမှားမရှိသေးသလို
ဖြိုးမင်းသိန်းမှားခဲ့ရင်တောင် ရိုးရိုးသားသားနဲ့မှားတာ
မျိုးပဲလို့ ယုံကြည်တယ် ။
NLD - ကြားဖြတ်ရွေးကောက်ပွဲကာလ..
ဖြိုးမင်းသိန်းကို လှည်းကူးကနေ ပထမဆုံးဝင်ပြိုင်စေပြီး အန်တီစုကိုယ်တိုင်စည်းရုံးရေးဆင်းစဉ်ကပရိတ်သတ်
တွေအားလုံးကိုဦးဖြိုးမင်းသိန်းကိုမဲပေးပါလို့ပြောလိုက်
စဉ်မှာပရိတ်သတ်တွေက "ပေးမယ် ပေးမယ် စိတ်ချ ပါအမေစု"လို့ အဖြေပေးစဉ်မှာ အန်တီစုဟာ ဖြိုးမင်းသိန်းဖက်ကိုလှည့်ပြီး
" ပြောစကားနားမထောင်လို့ကတော့ အသိပဲ"
လို့ အန်တီစု ကျိန်း ထားခဲ့ဘူးတယ် ..
ဒါကြောင့်ဖြိုးမင်းသိန်းဟာ ဘယ်တော့မှ အယူ သမား မဟုတ်ပဲအပေးသမားပဲဖြစ်မယ်ဆိုတာယုံကြည်ပြီးသားပဲ။
တခါက ...
အယူချည်းပဲအမြဲတမ်းစိတ်ရှိတဲ့စီးပွားရေးသမားတ
ယောက်ဟာသူ့တပည့်တဦးနဲ့ ရေလမ်းခရီးကိုသွား
တော့ ရေလယ်မှာလှေပေါ်ကပြုတ်ကျပါလေရော ,
"ရ"ဖို့ ချည်းပဲစဉ်းစားတဲ့စီးပွားရေးသမားဟာ ရေထဲပြုတ်
ကျ ပြီးပြန်ပေါ်အလာမှာ လှေပေါ်ပါခရီးသည်တချို့က
ဟေ့လူ (လက်ပေး )လို့အော်ပြီး ပေါ်လာတဲ့လက်ကို
လှမ်းဆွဲတာ လက်မပေးဘူး တဲ့ ,
တခါ နှစ်ခါလည်း မပေးတော့ လှေပေါ်က သူ့တပည့်က သဘောပေါက်သွားပြီး ဒီတခါပေါ်လာရင်ကျနော်ဆယ်
မယ်လို့ပြောပြီးသူ့ဆရာ ရေနစ်ရာက ပြန်ပေါ်အလာမှာ ဆရာ ရေ
( လက်ယူ ..လက်ယူ ) လို့အော်ပြီးလှမ်းဆွဲလိုက်မှ လက်ကိုဖမ်းသတဲ့ ..
ရဖို့ယူဖို့ချည်း နားလည်တဲ့စီးပွားရေးသမားဟာ
သူရေနစ်လို့ ကူညီမဲ့သူက( လက်ပေး) လိုပြောပြီး
သူ့အသက်ကိုကယ်ဖို့ဆယ်ရင်တောင်လက်မပေးပဲ
( လက်ယူ ) လို့ ပြောပြီးဆယ်မှ လက်လှမ်းဆွဲတတ်
တာဟာ စီးပွားရေးသမားပါပဲ။
တချို့ ကပြောကြပါသေးတယ်...
ဖြိုးမင်းသိန်းဟာပညာရေးမှာ ဒုတိယနှစ်ပဲရှိတယ်လို့ မနာလိုစိတ်အားကြီးစွာနဲ့ ပုတ်ခတ်ပြောဆိုနေပေမဲ့
ကျနော်ကတော့ ဖြိုးမင်းသိန်း ဒုတိယနှစ် မဟုတ်ဘူး
.. ဒုတိယတန်း ပဲ ဖြစ်နေပါစေ....
ရန်ကုန်တိုင်း( PM )ဖြိုးမင်းသိန်းဖက်ကရပ်တည်မယ်လို့
ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ် ။
ဒီတပါတ်တော့ ဒီမျှသာ....
ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ
Cedit.Myo Win
No comments:
Post a Comment