------ ------ ------ ------ ------
အပြည်ပြည်ဆိုင်ရာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးအဖွဲ့ (The Financial Task Force-FATF) က မြန်မာနိုင်ငံနှင့် ပါပူဝါနယူးဂီနီတို့အား ပြီးခဲ့သောသီတင်းပတ်က အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် ပြုလုပ်သော FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ဇွန် ၂၇ ရက်ထုတ်ပြန်ချက်တွင် အဆိုပါ နှစ်နိုင်ငံသည် အစောပိုင်းအကဲဖြတ်မှုများမှ တွေ့ရှိရသော အားနည်းချက်များ သိသိသာသာ တိုးတက် ကောင်းမွန်လာခြင်းအတွက် ကြိုဆိုကြောင်း၊ ယင်းကြောင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း၊ ၎င်းနိုင်ငံများအနေဖြင့် FATF ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပါရှိသည်။
မြန်မာနိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အတွက် စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်လာပြီး အမေရိကန်နိုင်ငံကလည်း မေလအတွင်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောစီးပွားရေး ပိတ်ဆို့ကန့်သတ်မှုအချို့ကို ပယ်ဖျက်ပေးခဲ့သည်။ FATF က မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ကတည်းက တိုးတက်မှုရှိသော နိုင်ငံအဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး အမည်ပျက် နိုင်ငံများစာရင်းမှအပြီးသတ် ပယ်ဖျက်ရန် ကွင်းဆင်းလေ့လာမှုကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ မြန်မာတိုင်းမ်၏ သတင်းဖော်ပြချက်အရ FATF မှ တာဝန်ရှိသူအချို့ မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးအတွက် ချမှတ်ထားသော အရံအတားများ၏ အကျိုးသက်ရောက်မှုကိုလာမည့်နှစ်တွင် တင်းတင်းကျပ်ကျပ် ဆက်လက်လေ့လာမည်ဖြစ် ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြသည်။
ငွေကြေးခ၀ါချမှု၊ အကြမ်းဖက်အဖွဲ့ အစည်းများအား ငွေကြေးထောက်ပံ့မှု ဆိုင်ရာ င်္င်္ဗွှ ၏ စံသတ်မှတ်ချက်များ ကို မလိုက်နာသည့်နိုင်ငံများအား အမည် ပျက်စာရင်းတွင် ထည့်သွင်းပြီး အကျိုး ဆက်အနေဖြင့် အမည်ပျက်စာရင်းဝင်နိုင်ငံများသည် FATF အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးချိတ်ဆက်လုပ်ကိုင်ရာတွင် အခက် အခဲများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ FATF အဖွဲ့သည် ဥရောပကော်မရှင်အပါအ၀င် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်း ဖြစ်သည်။
ရည်ညွှန်း - ဝေါလ်စတြိ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 1, 2016
အပြည်ပြည်ဆိုင်ရာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှ ပယ်ဖျက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment