Friday, July 1, 2016
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ အအေးခန်း တစ်ခုအတွင်း ၁၈ နှစ်ကြာသိုလှောင် ထားသည့် သန္ဓေသားသည်ယခုအခါ မိန်းကလေးတစ်ဦးအဖြစ် မွေးဖွားခဲ့ကြောင်း ဆေးရုံမှ တာဝန်ရှိသူ များက ဇွန် ၂၉ ရက်တွင် ပြောကြားသည်။ အလေးချိန် ၃၃ဝဝ ဂရမ်ရှိသည့် အဆိုပါ မိန်း ကလေးကို အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ကျန်းစုပြည်နယ်တွင် ဇွန် ၂၇ ရက်၌ ကျန်းမာစွာ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ယင်းအမျိုးသမီးသည် ကိုယ်ဝန်ဆောင်နိုင် ခြင်းမရှိသော ကြောင့် ၁၉၉၈ ခုနှစ်တွင် မျိုး ဆက်ပြန့်ပွားခြင်း နည်းပညာဖြင့် ကိုယ်ဝန် ရရှိရန်ကြိုးပမ်းခဲ့ ကြောင်း သိရသည်။ ၎င်းအမျိုးသမီးသည် ကိုယ်ဝန်ရရှိရန် သုံးကြိမ်တိုင် ကြိုးပမ်းခဲ့သော် လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း၊ နောက် တစ်ကြိမ် ထပ်မံ ကြိုးစားရန်အတွက် အချိန်အနည်းငယ် စောင့် ခဲ့ရာမှ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့ ဖူတန်တက္ကသိုလ်ရှိ သားဖွားမီးယပ် ဆေးရုံမှ ဆရာဝန်များက ၁၈ နှစ်ကြာ သိုလှောင် ထားသည့် သန္ဓေသားလောင်းကို ၎င်း၏ ခန္ဓာ ကိုယ်အတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းနောက် အဆိုပါ အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေသားလောင်းသည် မိန်းကလေး တစ်ဦးအဖြစ် ကျန်းမာစွာ မွေးဖွားခဲ့ခြင်းဖြစ်သည်။ သန္ဓေသားလောင်းကို အနုတ် ၁၉၆ ဒီဂရီ ဆဲလ်စီးယက်ရှိသည့် နိုက်ထရိုဂျင် အရည်များ ထည့်သွင်းထားသည့် အအေးခန်းအတွင်း ထိန်းသိမ်း ထားခဲ့ရကြောင်း သိရသည်။
မြ၀တီ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 1, 2016
တရုတ်နိုင်ငံတွင် ၁၈ နှစ်ကြာ အအေးခန်းတစ်ခုအတွင်း သိုလှောင်ထား သည့်သန္ဓေသား ကလေး တစ်ဦးအဖြစ် မွေးဖွား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment