နောင်(မြစ်မခ)၊ လားရှိုး၊ ဇူလိုင်-၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ဘူတာလမ်းရှိတည်းခိုခန်းတစ်ခန်း၌
တည်းခိုနေသည့် လင်မယားနှစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံးကို ဇူလိုင် ၆ ရက်
နံနက်ပိုင်းကသိမ်းဆည်းရမိခဲ့ကြောင်း လားရှိုးမြို့နယ်မြေရဲစခန်းမှ သိရ
သည်။ ရဲတပ်ဖွဲ့က သတင်းအရလားရှိုးမြို့ ရပ်ကွက် (၉) ဘူတာလမ်းရှိ
တည်းခိုခန်းတစ်ခန်းသို့ ၀င်ရောက်ရှာဖွေခဲ့ရာအခန်း အမှတ်(၁၆)တွင်
လာရောက်တည်းခိုနေသည့် ဦးရဲနိုင်ထွန်းနှင့် ဇနီးဒေါ်လှလှ၀၀င်းတို့နှစ်
ဦး ၏ ကျောပိုးအိတ်အတွင်းမှ91 အမျိုးအစားသံထည်လက်ပစ်ဗုံးတစ်လုံး
ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တကယ်စိုးရိမ်ဖို့ ကောင်းနေပါတယ်။ ကျောင်းနဲ့လည်းနီးနေတော့ ကျောင်း
သားတွေအတွက် စိုးရိမ်မိပါတယ်။ ပြီးတော့ လားရှိုးမှာက ဗုံးခြောက်လုံးခွဲ
မယ်ဆိုပြီးသတင်းကရှိထားတော့ စိုးရိမ်တာပါ"ဟု တည်းခိုခန်းအနီးတွင်နေ
ထိုင်သူ ဦးမြတ်သူက ပြောဆိုသည်။
အဆိုပါ လက်ပစ်ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ ဦးရဲနိုင်ထွန်း အသက် (၄၀) နှင့်
ဇနီး ဒေါ်လှလှဝင်း (၂၅)နှစ်တို့ကို လားရှိုးနယ်မြေရဲစခန်းမှ (ပ)၉၅/၂၀၁၆ ၊
ပေါက်ကွဲစေတတ်ပြီး လူကိုအန္တရာယ် ဖြစ်စေတတ်သော ပုဒ်မ-၂၈၆ ဖြင့် အ
မှုဖွင့်အရေးယူထားသည်။ လားရှိုးမြို့တွင် ဇွန်လအတွင်းက ဗုံးခြောက်လုံးခွဲ
မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် လားရှိုးမြို့နေပြည်သူများ စိုးရိမ်
ပူပန်မှုများ ရှိနေရာမှ ယခုဇူလိုင်လအတွင်းဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ခြင်း
ဖြစ်သည်။
No comments:
Post a Comment