Thursday, July 7, 2016

မြန်မာလူမျိုးတို့ရဲ့ အာနည်းချက်က


ချမ်းသာတဲ့သူဆိုရင်
အထင်ကြီးလွန်းတယ် ၊
လေးစားလွန်းတယ် ၊

အာဏာရှိတဲ့သူဆိုရင်
ကြောက်တယ် ၊
ကပ်တယ် ၊
ဖားတယ် ၊

ပညာတတ်တဲ့သူဆိုရင်
ယုံတယ် ၊
အားကိုးလွန်းတယ် ၊

ဒီတော့ ကိုယ်ပိုင်ဉာဏ်တွေ နည်းလာတယ်
ကိုယ်ပိုင်အတွေးအခေါ်တွေ နည်းလာတယ်
ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ နည်းလာတယ်
ဗုဒ္ဓရဲ့ ကာလာမသုတ်နဲ့လည်း ဆန့်ကျင်လာတယ် ၊
ကိုယ့်အားကို ကိုးချင်တဲ့စိတ်တွေ နည်းလာတယ် ၊

ဒါကို အခွင့်ကောင်းယူပြီး
လူယုတ်မာခေါင်းဆောင်တွေက
ပြောချင်ရာ ပြောလာတယ်
လုပ်ချင်ရာ လုပ်လာတယ် ၊

ဒါနဲ့ နိုင်ငံရော လူမျိုးရောပါ ညံ့ဖျင်းလာတယ် ၊
အထင် သေးစရာဖြစ်လာတယ် ၊
ဒါပဲ မြန်မာလူမျိုးရဲ့ အဓိကအားနည်းချက်က ။

အရှင်သောပါက ၊ ပြင်ဦးလွင်

No comments: