Wednesday, July 27, 2016

ဒီမိုကရေစီအဖွဲ့အစည်းများနှင့် ပြည်သူလူထုတရပ်လုံး အတူတကွ ပါဝင်မှသာ အောင်မြင်မှုကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

" ယခုလက်ရှိ အစိုးရအနေဖြင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေတာဟာ ကျွန်မတို့အတွက် အားသာချက်တခုဖြစ်တယ်။ အစိုးရဘက်က ဘယ်လို ဖယ်ဒရယ် ပြည်ထောင်စု ပုံစံပဲ ရည်ညွှန်းသည်ဖြစ်စေ၊ ကျွန်မတို့ဘက်က ဘယ်လို ဖယ်ဒရယ်ပုံစံမျိုးကို တည်ဆောက်မှာလဲဆိုတာ စဉ်းစား/လေ့လာပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အစကနေ ပြန်စဖို့မလိုတော့ဘဲ ၂၀၀၈ခုနှစ်က ဖယ်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်း ရေးကော်မတီ (FCDCC) မှ မူကြမ်းအဖြစ် သဘောတူထားပြီးသော ဖယ်ဒရယ် အခြေခံမူကြမ်းအပြင် ၂၀၁၅ခုနှစ်က UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုဖြည့်စွက် ပြင်ဆင်မှုလုပ်ပြီး ဒီအစည်းအဝေးကြီးကနေ ဆွေးနွေး အတည်ပြုနိုင်ပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်နှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် တစုတဖွဲ့တည်း တည်ဆောက်နိုင်မှာ မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊
ဒီမိုကရေစီအဖွဲ့အစည်းများနှင့် ပြည်သူလူထုတရပ်လုံး အတူတကွ ပါဝင်မှသာ အောင်မြင်မှုကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ "
(ကရင့်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် )
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့မှာပြောသွားခဲ့တာဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မေခ ၊ မြင့်မြင့်ခိုင်

No comments: