ဒီကနေ့ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန်မာနိုင်ငံမူစလင်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတဲ့ အစ်နေ့အထိမ်းအမှတ်ဘာသာပေါင်းစုံ ညစာစားပွဲအခမ်းနားမှာ ရှေ့နေဦးကိုနီက ပြောခဲ့တာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့တည်ငြိမ်ရေးနဲ့အေးချမ်းရေးကို ထိပါးစေတဲ့ လူတချို့ရဲ့ထောင်ချောက်ထဲကို အစ္စလာမ်ဘာသာဝင်တွေ မပါဝင်မိဖို့ကိုလည်း ရှေ့နေဦးကိုနီက တိုက်တွန်းခဲ့ပါတယ်။
အစ်နေ့အထိမ်းအမှတ်ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစိုးရအနေနဲ့ ဘာသာပေါင်းစုံကိုးကွယ်တဲ့ တိုင်းရင်းသား၊ နိုင်ငံသားတွေရဲ့ဘဝလုံခြံအေးချမ်းဖို့အတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာပြောခဲ့ပါတယ်။
ဘာသာပေါင်းစုံ ညစာစားပွဲအခမ်းနားကို NLD နာယက သူရဦးတင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel အပါအဝင် နိုင်ငံခြားသံအရာရှိတွေ၊ အစ္စလာဘာသာရေးဆိုင်ရာအကြီးအကဲတွေတက်ရောက်ခဲ့ကြပါတယ်။
rfa
No comments:
Post a Comment