Sunday, July 10, 2016

မဘသ အဖွဲ့အစည်းနှင့်ပတ်သက်၍ သံဃာ့မဟာနာယကဆရာတော်ကြီးများအား လျှောက်ကြားလွှာ .....


မဘသ အဖွဲ့အစည်းအား
သံဃာ့မဟာနာယကဆရာတော်ကြီးများမှ
ဆက်လက်ခွင့်ပြုထားမည်ဆိုလျှင်
သံဃာတော်များအချင်းချင်းကြား၊
ဒါယကာ၊ဒါယိကာမများအချင်းချင်းကြား၊
ပြည်သူပြည်သားများအချင်းချင်းကြား
မညီညွတ်မှုများ
ဝိဝါဒကွဲပြားမှုများ အဓိကရုဏ်းများ
ပိုမိုများပြားသည်ထက်များပြား
လာနိုင်ပါသည်ဘုရား။
...
မဘသ အဖွဲ့ဝင်မဟုတ်ကြကုန်သော
သံဃာတော်အရှင်မြတ်များကိုလည်း
ဝိုင်းဝန်းဖိနှိပ်ကန့်ကွက်တားဆီးမှုများ
ပိုမိုများပြားသည်ထက် များပြားလာနိုင်ပါ
သည်။
ယခုအခါ မဘသ ကိုယ်တော်များ၏
လာရောက် နှောင့်ယှက်တားဆီးပိတ်ပင်နေမှုများကို ကိုယ်တိုင်ကြုံတွေ့နေရပါသည်ဘုရား။
...
မဘသ အဖွဲ့အစည်းအတွင်း
ဓမ္မလမ်းစဉ်နှင့်မညီ မှားယွင်းစွာ
ပြောဆိုရေးသားလုပ်ကိုင်နေကြသော
ခေါင်းဆောင်အချို့နှင့် အဖွဲ့ဝင်များကို
မျက်ဝါးထင်ထင်တွေ့ရှိပါသော်လည်း
မဘသ အဖွဲ့မှတာဝန်ယူမှု
တာဝန်ခံမှုများဖြင့်ဖြေရှင်းပေးခဲ့ခြင်းမရှိပါ။
....
ထိသို့ တာဝန်ယူမှုတာဝန်ခံမှု မရှိ ဖြေရှင်း
ဆောင်ရွက်ပေးခြင်းမရှိသောကြောင့်
သံဃာတော်များအချင်းချင်းကြားမှာ
မညီညွတ်မှုများ ဝိဝါဒကွဲပြားမှုများ
ပိုမိုများပြားသည်ထက်များပြား
လာနေပါသည်ဘုရား။
...
အကယ်၍ မဟန ဆရာတော်များမှ
မဘသ အဖွဲ့အစည်းကို ဆက်လက်ခွင့်ပြုထား
မည်ဆိုလျှင်
အခြားဆက်လက်တည်ထာင်ကြမည့်
သံဃာ့အဖွဲ့အစည်းအသီးသီးကိုလည်း တရားဝင်
ခွင့်ပြုရမည်ဖြစ်ပါသည်ဘုရား။
...
တခြား မဘသ အဖွဲ့ဝင်မဟုတ်ကြကုန်သော
သံဃာတော်များသည်လည်း အင်အားနည်းပါက
ကြာလျှင်အနှိမ်ခံရမည့် တားဆီးပိတ်
ပင်ခြင်းများကို ခံရနိုင်ပါသောကြောင့်
အခြားသံဃာ့အဖွဲ့အစည်းကို မဖြစ်မနေ
တည်ထောင်ကြရပါလိမ့်မည်ဘုရား။
....
သို့ပါ၍ သံဃာမဟာနာယက ဆရာတော်ကြီးများမှ
သံဃာတော်များ အချင်းချင်း စည်းလုံးညီညွတ်မှု
မပျက်ပြားစေရန်နှင့်
သာသနာတော်ကြီး အဓွ့န်ရှည်တည်တံ့စေ
ရေးတို့ကို ရှေးရှု၍ ဆုံးဖြတ်တော်မူပါရန်
ခြေတော်ဦးခိုက်ရိုသေစွာ
လျှောက်ထားအပ်ပါသည်ဘုရား။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

No comments: