ပြည်သူကိုအကြပ်အတည်းဖြစ်အောင်ပဲလုပ်နေတော့မှာလားဗျာ။ ရန်ကုန် parking ပါမစ်မပေးတာရယ်၊ ဝင်ငွေခွန် 15% ဆောင်ခိုင်းတာရယ်ကြောင့် ကားလောကကိုအများကြီးထိခိုက်ခဲ့ပြီးတာတောင်မကြာသေးပဲ အခု ကားဟောင်းစလစ်မူဝါဒထပ်ပြောင်းတော့ ကားဟောင်းစလစ်ရောင်းသူတွေရော၊ ကားတင်သွင်းရောင်းချသူရော၊ ကားဝယ်သူတွေပါ အားလုံး ထိခိုက်ကုန်ပြီပေါ့ဗျာ။ မူဝါဒပြောင်းမယ်ဆိုလဲ အချိန်တခုတော့ပေးရမှာပေါ့။ ဒီမူဝါဒ မတိုင်ခင် ကားရောင်းထားပြီး စလစ်အပ်နေတဲ့ ကားအရောင်းပြခန်း တွေလဲ နစ်နာပြီပေါ့ဗျာ။
ယနေ့ မူဝါဒချ ယနေ့ကျင့်သုံးဆိုတော့ တိုင်းပြည်တစ်ခု မှာချတဲ့ မူဝါဒတဲ့လားဗျာ။ မူဝါဒချမှတ်တဲ့သူတွေကိုဘယ်လိုနားလည်ရတော့မလဲ။ အတွေ့အကြုံမရှိတာလား၊ တမင်တကာသိရက်နဲ့လုပ်နေတာလား လိုက်မမှီ နိုင်အောင်ပါဘဲ ဗျာ။ ဒီအစိုးရကိုဘယ်လိုယုံကြည်ပြီး စီးပွားရေးလုပ်ငန်းတွေ ထူထောင်လုပ်ကိုင်ရမလဲ။ ပွင့်လင်းမြင်သာပါတယ်လို့ကြွေးကျော်နေတဲ့ အစိုးရကို နာမည်ပျက်စေတာတော့အမှန်ပါ။ အာဏာရှင်ဆန်ဆန် မူဝါဒ တွေချမှတ် ကျင့်သုံးလာတယ်လို့ ထင်မြင်ယူဆနိုင်ပါတယ်ဗျာ။
အခုချမှတ်လိုက်တဲ့မူဝါဒက လက်တွေ့နဲ့ အများကြီး လွဲချော်နေပါတယ်။ 2006 model နဲ့အထက် pickup, light truck, truck နဲ့ bus တွေက စလစ်မလိုပဲတင်သွင်းခွင့်ရနေတယ် ဆိုတာ ကားတင်သွင်းသူအားလုံး သိရှိနေတာဘဲဗျာ။ အခုတော့ မလိုတဲ့ကားတွေမှာ စလစ်ကပ်ဆိုတော့၊ pickup စလစ်ရမဲ့သူတွေ အကုန်ဒုက္ခရောက်ပြီပေါ့။ နောက်ဆိုရင် pickup နဲ့ light truck ကားအညံ့တွေ မဝေးတော့တဲ့အချိန်မှာလမ်းပေါ်မှာပြန်တွေ့ရှိရပြီး ကားလမ်းတွေပို ကြပ်လာမယ်ဆိုတာ ဗေဒင်မေးစရာတောင်လိုမယ်မထင်ပါဘူးဗျာ။
ကားဈေးတွေဆက်တက်မဲ့အကျိုးဆက်ကို မကြာခင်မြင်တွေ့ရပါတော့မယ်။ ကားတန်ဖိုးတွေမြင့်တက်လာတဲ့အတွက် ကားဝယ်စီးမဲ့ပြည်သူတွေပိုမိုကုန်ကျခံသုံးစွဲရတော့မှာပါ။ အဲ့လိုဆို တိုင်းပြည်အတွက် ကောင်း၊ မကောင်း ဆိုတာ မူဝါဒချမှတ်သူတွေ မသိရှိတာများလား သံသယဖြစ်စရာပါ။ မူဝါဒချမှတ်သူတွေ တိုင်းပြည်အတွက် အမှန်တကယ်စေတနာထားပြီးလုပ်တယ်ဆိုတာ ယုံကြည်ဖို့တော်တော်ခက်ခဲလာပါတယ်။ ပြည်သူနဲ့တသားထဲစဉ်စားပြီး၊ ပြည်သူ့ဝန်ထမ်းတွေပါလို့ခံယူဖို့ အကြံဉာဏ်ပေးချင်ပါတယ်လူကြီးမင်းများခင်ဗျာ။
No comments:
Post a Comment