Wednesday, July 27, 2016

ဒေါက်တာသက်သက်ခိုင်ပြောသွားတဲ့ထဲက မှတ်စရာ Policy Principle Vs Policy Implementation


၁) အစိုးရဆိုတာ နိုင်ငံသားတွေရဲ့စီးပွားတွေပျက်စီးရာပျက်စီးကြောင်းမလုပ်ရပါဘူး။
Pro-Business စီးပွားရေးဖွံ့ဖြိုး
ရာ ဖွံ့ဖြိုးကြောင်းကို ကူညီပံ့ပိုးပေးရမယ်.။
တိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးပြီးတိုးတက်လါတဲ့အပေါ်မှာ၏
လိုက်လျှောညီထွေစွာနဲ့ အခွန်တွေတိုးရအောင် ကောက်ဖို့လိုတယ်။

၂) မူဝါဒတခုခုအပြောင်းအလဲတခုခုလုပ်တော့မယ်ဆိုရင်ဒီအပြောင်းအလဲကြောင့်ဖြစ်လါမယ့် ထိခိုက်နစ်နာမှု Impact
တွေကို ကြိုတင်ပြီး သိအေါင်လုပ် ပြီးရင်သက်ဆိုင်သူများနဲ့ညှိနိုင်းပြီးအထိအခိုက်အသက်သာဆုးံဖြစ်မယ့် နည်းလမ်း တွေရွေးချယ်ချမှတ်သင့်တယ်။

၃) မူဝါအပြောင်းအလဲတခု လုပ်တော့ မယ်ဆိုရင်ထိခိုက်မှုအနဲဆုးံဖြစ်အောင် ကြိုတင်သတိပေးတာ၊ မူဝါဒအသစ်နဲ့
အညီပြောင်းလဲဆေါင်ရွက်ဖို့ ပြင်ဆင်မှုအတွက် အချိန်ကာလတစ်ခုပေးဖို့လိုတယ်။
တခြားအာဃာတကိစ္စတွေကိုတော့ မဝေဖန်လိုပါဘူး.။

Public Policy Formulation နဲ့ Policy implementation တွေရဲ့ Principle အရပြောရရင် ဒီ၃ချက်စလုံးမှန်ပါတယ်။

Policy Requirement side ကကြည့် ရင် အိမ်ဈေးမြေဈေးတွေ ငှားရမ်းခတွေအဓိပ္ပါယ်မဲ့ မြင့်မားလွန်းနေတာဟာ
စီးပွားရေးလောကမှာ Speculative income အနေနဲ့ မြေဝယ်ကိုင်ရောင်းဝင်ငွေက လုပ်ငန်းလုပ်လို့ရတဲ့ဝင်ငွေက
အခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လို့ရတဲ့ ၀င်ငွေထက်ပိုပြီးများနေတဲ့ အခြေအနေက ပုဂ္ဂလိကကဏ္ဍ
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရေးတို့အပေါ်အခြေကလှဲ ဖြိုဖျက်ဆီးနေသလို
လူနေမှုစရိတ်ကြီးမှုအတွက် အဓိကပင်မအကြောင်းတရားတွေလဲဖြစ်နေပါ တယ်။
ဒီတော့ မြေဈေးချရေး Anti
speculation မူဝါဒတစ်ခု လိုအပ်သလို ဒီလိုမူဝါဒ အကောင်အထည်ဖေါ်ဆောင်မှုတွေရှိလာရင်လဲ ထောက်ခံရပါမယ်။

တဘက်ကကြည့်ရင်ဘဏ်တွေပြိုလဲကုန်မယ်ဆိုတါမျိုး ပြန်ထေါက်တါတွေရှိလါတယ်။ ဒါဟာအလွန်လက်တွေ့ကျတဲ့
မစဉ်းစားလို့မရတဲ့ ဖြစ်လာနိုင်တဲ့ နိမိတ်ပြဥပမတွေလည်းဖြစ်ပါတယ်.။.
ဆိုတော့ကာ ….
ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေနဲ့ပတ်သက်နေတဲ့ ဘဏ်တွ ပြင်ဆင်ချိန်ရအောင် အနည်းဆုံး
၂နှစ်တန်သည် ၃နှစ်တန်သည် အချိန်ပေးဖြေးဖြေးဆွဲချပေါ့။

ဘဏ်တွေကလဲဗဟိုဘဏ်ရဲ့ ညွန်ကြားချက် မူဝါဒ Guide line တွေကို တိတိပပလိုက်နာရင် ဆိုးဆိုးဝါးဝါးမဖြစ်နိုင်ပါ။

မလိုက်နာလို ဂိန်သွားတဲ့ဘဏ်ရှိလာရင်တော့လည်း သူ့သဘော သူဆောင်တာပေါလေ..။

ပြောချင်တာက အစိုးရတစ်ရပ်အနေနဲ့ Policy Change လိုအပ်လာရင် သတ္တိရှိရှိနဲ့ မှန်မှန်ကန်ကန် လုပ်ကို လုပ်ရပါမယ်..။

အဲ့ဒီလို လုပ်တဲ့နေရာမှလဲ ထိခိုက်မှုအနဲဆုးံနဲ့ အောင်မြင်အောင်လုပ်ရပါတယ်။
ဘာဘဲဖြစ်ဖြစ် ထိခိုက်မူကိုလစ်လျူရှုထားပြီး Policy Change တစ်ခုကို ဇွတ်အတင်းလုပ်မယ်ဆိုရင် ဒါဟာ
အစွန်း တဘက် ကိုရောက်ပါတယ်..။

အခြားတစ်ဘက်မှာလဲ ထိခိုက်မှုတွေကိုကြောက်ပြီး Policy change မလုပ်ဘူးဆိုရင်လည်း ဒါဟာ… အခြား အစွန်းတဘက် ကိုရောက်တာပါ..။

Policy Maker များ Policy Implementer များ အစွန်းနှစ်ပါးရှောင်ရှားပြီး တိုင်းပြည်နဲ့ပြည်သူအတွက် အကောင်းဆုံးအလုပ်လုပ်နိုင်ကြပါစေဗျား….။

Credit...Khin Maung Zaw (ဆရာဇော်)

No comments: