Wednesday, July 27, 2016

ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာ

၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန်
ယနေ့ (ဇူလိုင် ၂၇ ရက်) နေ့လည် ၁ နာရီ ၂၀ မိနစ်တွင် လေကြောင်းခရီးဖြင့် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံမှ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှ တစ်ဆင့်
မြန်မာနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကာ ယနေ့ည မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်
ဖြစ်ကြောင်း သိရပါသည်။

No comments: