Tuesday, July 5, 2016

ဦးရွှေမန်း ရဲ့ သြဇာ လွှမ်းမိုးမှု ရှိနေပြီလားဆိုတာ … မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာပါတယ်

အစိုးရအသစ်အနေနဲ့ အစိုးရဖွဲ့အပြီး …
ရက် ၁၀၀ ပြည့်ခါနီး အချိန်ကျမှ …
လက်ရှိ အစိုးရအဖွဲ့မှာ …
သြဇာအကြီးဆုံးလို့ ပြောလို့ရတဲ့ …
ဒေါ်အောင်ဆန်းစုကြည် ရဲ့ …
နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှာ …
ဒုဝန်ကြီး တစ်ဦး ခန့်အပ်လိုက်တာတွေ့ရပါတယ် …

ထို ခန့်အပ်ခံရသူမှာ အများ မျှော်လင့်ထားသလို …
ပြည်သူမှ ရွေချယ်တင်မြှောက်ထားသောသူများထဲမှ …
မဟုတ်သလို ၊ ပြည်သူရွေးချယ်မှုအများဆုံးရထားတဲ့ …
NLD ပါတီမှ သူလဲ မဟုတ်တာကို တွေ့ရပါတယ် …

ပိုထူးခြားဖွယ်တွေ့ရတာကတော့ …
ထို ဒုဝန်ကြီးခန့်အပ်ခံရသူဟာ …
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ
တနင်္လာရီတိုင်း အမျိုးသားလွှတ်တော် …
မဲဆန္ဒနယ် (၅) ကနေ ရှုံးသွားတဲ့ …
USDP ပါတီဝင်ဟောင်း တစ်ဦးဖြစ်သလို …
စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်တဲ့အပြင် …
လက်ရှိ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး …
ပြည်သူနှစ်သက်မှု နည်းတဲ့အပြင် …
မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများစွာကို …
ယခင် စစ်အစိုးရ လက်ထက်ကတည်းက …
စိုးမိုးချယ်လှယ် လုပ်ကိုင်ခဲ့ကြသူတွေရဲ့ …
ဖခင်ဖြစ်တဲ့ ဦးရွှေမန်း ဦးဆောင်သော …
လွှတ်တော်မှာ အသစ်ဖွဲ့စည်းထားတဲ့ …
ဥပဒေရေးရာ နှင့်အထူးကိစ္စများ …
လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရဲ့ …
အဖွဲ့ဝင် တစ်ဦးလဲ ဖြစ်နေပါတယ် …

NLD ပါတီမှာ ဦးဝင်းထိန် တို့လို …
ယုံကြည် စိတ်ချရတဲ့ သူများစွာ ရှိနေလျက်နဲ့ …
ပြည်သူလက်မခံတဲ့ သူတစ်ဦးလဲဖြစ် …
ဦးရွှေမန်းရဲ့ လူယုံတစ်ဦးလဲ ဖြစ်တဲ့သူကိုမှ
သီးသန့် ရွေးချယ် ခန့်အပ် တာဝန်ပေးခဲ့တာဟာ …
လက်ရှိ အစိုးရ နဲ့ NLD ပါတီအပေါ်မှာပါ …
ဦးရွှေမန်း ရဲ့ သြဇာ လွှမ်းမိုးမှု ရှိနေပြီလားဆိုတာ …
မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာပါတယ် …
ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ် ။

No comments: