မန္တလေး-မြစ်ကြီးနားသို့ သွားလာလျက်ရှိသာ ခရီးသွားပြည်သူများ အဆင်ပြေစေရန် အမှတ် ၃၃ အဆန်နှင့် အမှတ် ၃၄ အစုန် အထူးအမြန်ရထား လက်မှတ်ခများကို ဇူလိုင် ၁၁ ရက်မှ စတင်ကာ လျှော့ချပြေးဆွဲပေး လျက်ရှိကြောင်း မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်မှ သိရသည်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပြေးဆွဲလျက်ရှိသော မီးရထားလက်မှတ်ခများမှာ ယခင်က ရိုးရိုးတန်း လက်မှတ်အား ကျပ် ၉၅ဝဝ အဖြစ်မှ ကျပ် ၆၂ဝဝ သို့လည်းကောင်း၊ အထက်တန်းတွဲ လက်မှတ်အား ယခင် ကျပ် ၁၈၈ဝဝ မှ ကျပ်၁၃ဝဝဝ သို့ လည်းကောင်း၊ အထက်တန်းအိပ်စင် လက်မှတ်ခ တစ်စောင်လျှင် ကျပ် ၂၂၅ဝဝ အစား ကျပ် ၁၇ဝဝဝ ဖြင့် လည်းကောင်း အသီးသီးလျှော့ချ ပြေးဆွဲပေးလျက် ရှိကြောင်း သိရ သည်။
အထူး အမြန်ရထားစီးသူ များလာစေရန် နှင့် ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး မန္တလေး-ရွှေဘို ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-ကောလင်း ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-နဘားရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-မိုးညှင်း ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-ဟိုပင် ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-မိုးကောင်း ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင် တို့ကိုလည်း ဘူတာစဉ်အလိုက် လက်မှတ်ခများကို လျှော့ချ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
REF: MOI
No comments:
Post a Comment