Wednesday, May 4, 2016

Telenor မှ အလုပ်သမား (၃)ဦး KIA ထောင်ထားသော မိုင်းနင်းမိ၍ ၁ ဦးသေ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ

Telenor မှ အလုပ်သမား (၃)ဦး KIA ထောင်ထားသော မိုင်းနင်းမိ၍ ၁
ဦးသေ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ
(နှလုံးရောဂါရှိလျှင် ပုံတွေမကြည့်ပါနဲ့. အရမ်းရက်စက်လွန်းလို့ပါ)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ဝိုင်းမော်မြို့နယ်၊ အရှေ့တောင်ဘက် ၃မိုင်ခန့်အကွာ အင်းလေး-နောင်စီပေါ ဆည်မြောင်းအနီး ယာယီတဲထိုး၍ Telenor တာဝါတိုင် မြေတူးကြိုးမြှုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသူ အလုပ် သမား(၃)ဦးသည် ၃.၅.၂၀၁၆ ရက်နေ့ ည ၁၁နာရီချိန်ခန့်တွင် ဆည်မြောင်းဘောင်အနီးမှ စကားပြောရင်း လမ်းလျှောက်လာစဉ် KIA သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ သည်။

မိုင်းနင်းမိသူများမှာ မောင်ကျော်သူ(၁၈)နှစ် (ဝဲ/ယာ ခြေနှစ်ဘက် ဒူးအောက်ပြတ်၊ ယာလက်ကောက်ဝတ်ပြတ်)၊ မောင်အေးမင်း (၁၇)နှစ် (ဝဲ/ယာ ခြေနှစ်ဖက်နှင့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်တို့တွင် မိုင်းစထိမှန်)၊ မောင်ဇင်မင်းထွန်း(၁၈)နှစ် (ဝဲ/ယာ ခြေနှစ်ဖက်နှင့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်တို့တွင် မိုင်းစထိမှန်) ဒဏ်ရာများရရှိခဲ့ပြီး ဝိုင်းမော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစဉ် မောင်ဇင်မင်းထွန်းမှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ကျော်သူနှင့် အေးမင်းတို့ (၂)ဦးအား ဝိုင်းမော်ဆေးရုံမှ တဆင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်၍ ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

Credit-မနောမြေ မီဒီယာ
❣❄❦ မောင်စိုင်းလူ(NMN)❄❦❣

No comments: