Sunday, May 22, 2016

ဟင်းအိုးကိုလည်းစောင့် အပျင်းလည်းပြေ ဖုန်းကိုယူပြီး Facebook ကြည့်ဖို့အင်တာနက်လိုင်းကိုအဖွင့် ဝုန်းကနဲဆို ဂက်စ်အိုးကထပေါက်ကွဲပြီး သူ့မျက်နှာကိုမီး တွေထလောင်ပါတော့တယ်

အိမ်မှာတယောက်တည်း အေးအေးလူလူ ထမင်းဟင်းချက်နေတာပါ။ အိမ်သုံးဂက်စ်မီးဖိုနဲ့ ဟင်း အိုးတည်နေတုန်း မီးဖိုခန်းထဲမှာပဲ ခုံတလုံးဆွဲပြီး
ကြောက်လန့်စိတ်နဲ့တယောက်တည်း မီးကိုလည်းရအောင်ငြိမ်းသတ်၊ မျက်နှာကိုလည်းရေတွေလောင်းပြီး ပူပူထူထူဆေးခန်းသွားပြဖို့ထွက်လာတဲ့အခါ
အပြင်လူတွေရဲ့ ထိတ်လန့်တကြားဆေးရုံသွားမှဖြစ်မယ်ပြောသံတွေနဲ့အတူ အရေးပေါ်အထူးကုဆေးရုံရောက်ခဲ့ပါတယ်။ ခွဲခန်းလည်းဝင်ပြီး ယခုအချိန်အထိ ဆေးကုသနေဆဲပါ။







ဟင်းအိုးကိုလည်းစောင့် အပျင်းလည်းပြေ ဖုန်းကိုယူပြီး Facebook ကြည့်ဖို့အင်တာနက်လိုင်းကိုအဖွင့် ဝုန်းကနဲဆို ဂက်စ်အိုးကထပေါက်ကွဲပြီး သူ့မျက်နှာကိုမီး တွေထလောင်ပါတော့တယ်။

အန်တီကိုယ်တိုင်က သူခုလိုဖြစ်တာကိုနမူနာယူပြီး ဆင်ခြင်နိုင်ကြအောင်လို့ သူ့ရဲ့ ယခင်ပုံနဲ့ လက်ရှိဖြစ် နေတဲ့ပုံကိုယှဉ်တွဲပြီးမြင်ရအောင်လို့ ဓါတ်ပုံရိုက်ခိုင်းပါတယ်။ ခုချိန်မှာ သူ့အနားဖုန်းကပ်လာရင်တောင် ကြောက်လန့်စိတ်ဝင်နေတဲ့အထိပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းအရာကိုဖတ်မိတဲ့သူတိုင်း နည်းနည်းကလေးပဲဖြစ်ဖြစ် ဆင်ခြင်နိုင်ကြမယ်ဆိုရင် အမှတ်မထင်ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါးအဖြစ်အပျက်တွေကနေ
ရှောင်ရှားနိုင်ကြမှာပါ
တကယ်စေတနာနဲ့ မြင်တဲ့လူတွေဆင်ခြင်နိုင်အောင် ဓါတ်ပုံပေးတင်တဲ့ အန်တီလည်း အမြန်ဆုံးကျန်းမာပြီး စိတ်ချမ်းချမ်းသာသာနဲ့ ဝေဒနာတွေကင်းပါစေ။
Cd>မူရင်း
ခင်မြတ်သူ

No comments: