Tuesday, May 24, 2016

"မောင်ဆောင်းခ ထောင် ၆ လ ကျခံရသော်လည်း ချုပ်ရက်ဖြင့် လွတ်မြောက် "

သမ္မတ (ဟောင်း) ဦးသိန်းစိန်ကို သရော်လှောင်ပြောင်သည့် “ပုံရိပ်” အမည်ရှိ ကဗျာအား ရေးသား သည်ဟူသော စွပ်စွဲချက်ဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အမှုနှင့် တရားစွဲ ခံထားရသူ ကဗျာ ဆရာ မောင်ဆောင်းခကို ရွှေပြည်သာမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ် ခဲ့သည်.
ကဗျာဆရာ မောင်ဆောင်းခ (ခ) စည်သူအောင်ကို ကမာရွတ် မြို့နယ် တရားရုံးအနီးတွင် ၂၀၁၅နိုဝင် ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရွှေ ပြည်သာမြို့နယ် တရားရုံးတွင် ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားရင်ဆိုင်ရပြီးနောက် မေ၂၄ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ သော်လည်း ချုပ်ရက်မှာ ည ၆ လ ၁၉ရက် ရှိသဖြင့်ပြန်လည်လွတ်မြောက် ခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ပဲအမိန့်ချလိုက်တာ ထောင်ဒဏ်ခြောက်လကျခံစေရန်ဆိုပြီးမြို့နယ်တရားသူကြီးပြောတယ်။ ဒါပေမယ့် ချုပ်ရက်များကို ထုတ်နှုတ်ခံစားစေပါတယ်။ သူ့ကိုချုပ်ပြီးအမှုစစ်နေတာ ခြောက်နဲ့ဆယ့်ကိုးရက်ရှိသွားပြီ။ ဒီအတွက်ပြစ်ဒဏ်ကျခံရက်ပြည့်သွားတဲ့အတွက်လွတ်မြောက်လာတာပါ"ဟု အမှုကို လိုက် ပါဆောင်ရွက်ပေးသူ တစ်ဦးက ပြောသည်။
ဓာတ်ပုံ-စိုင်းဇော်






No comments: