Monday, May 23, 2016

ဂြိုဟ်တုဝန်ဆောင်မှု ဇွန်လအတွင်း လုပ်ငန်းစတင်မည်ဟု ဆို

ဂြိုဟ်တုဝန်ဆောင်မှု ဇွန်လအတွင်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း သိရသည်။
Intelset Satellite Operation နှင့် စာချုပ်ချုပ်ဆိုပြီးပါက ဇွန်လတွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် ဂြိုဟ်တုငှားခဈေးနှုန်းများ သက်သက်သာသာ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်ဆောင်ရွက်ချက် များကို နိုင်ငံပိုင် သတင်းစာမှ မေးမြန်းရာ တွင် ဖြေကြားထားခြင်းဖြစ်သည်။ ဂြိုဟ်တုစနစ်နှင့် အဝေးဖိုက်ဘာ ဆက်ကြောင်းများ၊ မိုက်ခရိုဆက်ကြောင်းများဖြင့် မြန်မာနိုင်ငံ၏ ဒေသတော်တော်များများကို ဆက် သွယ်ရေးဝန်ဆောင်မှု ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်နေရာကမဆို ဆက်သွယ်သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်မှုပေးသွားနိုင်မည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ဦးစိုင်းစောလင်းထွန်းက နိုင်ငံပိုင်သတင်းစာသို့ ပြောကြားခဲ့သည်။
စခန်းများဝေးလံသည့် ဒေသတွင် Micro/Fiber Transmission ရရှိရန်အတွက် မလွယ်ကူကြောင်း၊ လက်ရှိအခြေအနေတွင် Thaicom ဂြိုဟ်တုကို ငှားရမ်းပြီး သုံးစွဲနေရကြောင်း၊ ယခု ငှားရမ်းသည့်အခါတွင်လည်း Bandwidth မရကြောင်း၊ မိမိတို့ လိုအပ်သည့် Bandwidth ကို ရရှိရန်အတွက် အကန့်အသတ်ရှိသည့် အတွက်ကြောင့် ကိုယ်ပိုင်ဂြိုဟ်တု ငှားရမ်းရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ မကြာခင်အချိန်တွင် စာချုပ်ချုပ်ဆိုပြီး Myanmar Set Dream ဆိုပြီး မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း မေ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့သည်။

No comments: