Thursday, May 26, 2016

ဖားကန့်တွင် န၀မတန်းကျောင်းသားတစ်ဦး ပစ်သတ်ခံရဟုဆို -----------------------------------------------

ဖားကန့်တွင် န၀မတန်းကျောင်းသားတစ်ဦး ပစ်သတ်ခံရဟုဆို
-----------------------------------------------

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မော်လကင်ကျေးရွာတွင် ဆိုင်ကယ်စီးလာသူ န၀မတန်းကျောင်းသား တစ်ဦးကို ဖားကန့်အခြေစိုက် လုံခြုံရေးယူထားသည့် တပ်မတော်က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

မေလ ၂၂ ရက်နေ့ ည ခုနစ်နာရီဝန်းခန့်က ဆိုင်ကယ်စီးလာသည့် ၎င်းလူငယ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်ပြောဆိုခဲ့သော်လည်း ရပ်မပေးခဲ့သည်မှ အစပြုကာ သေနတ်ဖြင့် ပတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကောင်လေးကို သေနတ်နဲ့ တေ့ပြီး ပစ်တယ်လို့ပဲ ကျွန်တော်ကြားတယ်၊ အရာရှိလို့လည်း ကြားတယ်၊ ဒီလို ပြေးလွှားနေတဲ့အခါ ပစ်တာမဟုတ်ဘဲနဲ့ တစ်ချက်ပစ်တယ်လို့၊ အဲဒီမှာ အဲဒီက ဆယ်အိမ်မှူး ရာအိမ်မှူးတွေ ခေါ်ပြီးတော့မှ ဆေးရုံကို ပို့ခိုင်းတော့ ဆေးရုံမှာ ဆုံးသွားတယ်” ဟု ဦးတင်စိုးက The Voice သို့ ပြောဆိုသည်။

၎င်းကျောင်းသားသည် နာဂတိုင်းရင်းသားတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်အထက်တန်းကျောင်းတွင် န၀တန်းတက်ရောက်နေသူဖြစ်ကြောင်း၊ ဖားကန့်ရှိ အစ်ကိုဖြစ်သူထံသို့ အလည်လာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဖားကန့်မြို့နယ် နာဂ စာပေနှင့် ယဉ်ကျေးမှုကော်မတီကလည်း တိုင်ကြားမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ၎င်းထံမှ ထပ်မံသိရသည်။

ဖားကန့်မြို့မရဲစခန်းသို့ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်မှူးမရှိဟုသာ ပြန်လည်ဖြေဆိုခဲ့သည်။


No comments: