Thursday, May 26, 2016

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်

"ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ် "

ကနီမြို့နယ်၊ အထက်ကင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း
မောင်းနှင်ခုတ်မောင်းသည့် ရေယာဉ်အမည် မျိုးလျှံကျော် သံခွံကုန်တင်မော်တော်ယာဉ်သည် ယနေ့(မေလ ၂၆ ရက်)နံနက် ၁၁နာရီခန့်တွင် နစ်မြုပ်သွားကြောင်း မုံရွာမြို့ ပုဂ္ဂလိကရေယာဉ်များ
စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီမှ သတင်းရရှိသည်။
အဆိုပါရေယာဉ်သည် မေလ၂၅ရက်နေ့က မုံရွာမြို့မှ ဟုမ္မလင်းသို့ အဆန်ခရီးစဉ် ထွက်ခွာခြင်းဖြစ်ပြီး ဒီဇယ်ပေပါ ၄၀၀လုံး၊
ရေနံချိုးအိတ် ၂၀၀၊ ဆန်အိတ် ၁၀၀၊ ဂျပ်ဖာမျိုးစုံ ၁၀၀ အား တင်ဆောင်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
ရေယာဉ်ပေါ်လိုက်ပါသည့် လူထိခိုက်မှု ရှိ၊မရှိ ကိုမူ မသိရှိရသေးပေ။


No comments: