Tuesday, May 24, 2016

၂၀၁၅ မော်တော်ယာဉ် ဥပဒေစထွက်လာတည်းက LHD Only ကို ကန့်ကွက်ခဲ့တာပါ

 ကညနမှ တာဝန်ရှိသူများမှ...
ရေးဆွဲထားသော မော်တော်ယာဉ်ဥပဒေပါအတိုင်း...
ဘယ်မောင်းကားများသာတင်သွင်းခွင့်ပြုလိုက်လို့ကတော့...
တင်သွင်းခွင့်ပြုပြီး နောင် (၁၀) နှစ်အကြာမှာ...
တရုတ်ကားနဲ့ ကိုရီးကားတွေသာအများစုသုံးရမှာဖြစ်တဲ့အတွက်...
မြန်မာပြည် ကားလောကရဲ့ ကားငယ်အသုံးပြုသူတွေ...
ကားပျက်လို့ ပြင်မရတဲ့ဒုက္ခနဲ့ ကားပြင်ပြီးတော့လည်း...
ဂျပန်ကားလို ကြာကြာအသုံးမခံ ဟိုထွေ ဒီထွေနဲ့...
ကားပြင်ခ အပိုပစ္စည်းဖိုးနဲ့ ဆင်းရဲတွင်းနက်ကာ ဒုက္ခမရောက်ဘူးဆိုရင်...
ကျွန်တော့် လည်ပင်းကို လာဖြတ်နိုင်ပါတယ်လို့...
ရဲရဲကြီးအာမခံပါတယ် စာတွေ့မဟုတ်ပါ...
ကိုယ်တွေ့ပါ...ကျွန်တော်ပြောခဲ့တာတွေမှားခဲ့ရင်...
ပြုံးပြုံးကြီး လည်စင်းပေးလိုက်ပါမယ်ဗျာ...
Green Emission အတွက်လည်း ဂျပန် Used ကားတွေရဲ့...
Vehicle Emission Control ဟာ Euro Stardard ကိုမှီသလို...
Japan Used ကားတွေရဲ့ Catalytic Converter ဟာ...
အရည်အသွေးမြင့်မားကောင်းမွန်တာမို့ Probox ကားတစ်စီးရဲ့...
Catalytic Converter တစ်လုံးဟာ ကျပ်သုံးလေးသောင်းထိပြန်ရောင်းရပါတယ်...
ဒါဟာ Japan Used ကားတွေရဲ့ အရည်အသွေးကို...
ယုံမှားသံသယရှိဖွယ်မရှိဘူးဆိုတာကိုပြသပါတယ်...
ဂျပန်ကားတွေဟာ Overhaul ပြင်ပြီးရင် နှစ်နဲ့ချီသုံးနိုင်ပါတယ်...
ဘယ်မောင်း တစ်မျိုးတည်းသာတင်သွင်းခွင့်ပြုမှာကို...
မြန်မာပြည်က မော်တော်ယာဉ်အသုံးပြုသူတွေ ဒုက္ခရောက်မှာမို့...
ကျွန်တော်လုံးဝကန့်ကွက်ပါတယ်...
Brand New ကားတွေကို ဘယ်မောင်းချည်းသာ တင်သွင်းခွင့်နဲ့...
Used ကားတွေကိုတော့ ဘယ်မောင်းရော ညာမောင်းပါတင်သွင်းခွင့်ပြုသင့်ကြောင်း...
အကြံပြုလိုပါတယ်ဗျာ...
တစ်ချိန်မြန်မာပြည်မှာ ကားသစ်စက်ရုံတွေလာတည်ပြီးထုတ်တဲ့အခါ...
ဘယ်သူမှ ဥပဒေမထုတ်လည်း ဘယ်မောင်းချည်းသာ ထုတ်ကြမှာအသေအချာပါ...
ယာဉ်အန္တာရာယ် လမ်းအန္တာရာယ်ကင်းရှင်းရေးဆိုတာကလည်း...
လူတိုင်းဟာ ကိုယ့်အသက်ကိုယ်အချစ်ဆုံးပါ...
ကိုယ်တိုင်စဉ်းစားဖို့ ဦးဏှောက်ပါကြပါတယ်...
မိမိထိန်းသိမ်းနိုင်စွမ်းရှိတဲ့အရှိန်ထက်ပိုမောင်းရင်...
မူးပြီးမောင်းရင်...ကျန်းမာရေးမကောင်းရင်...
ယာဉ်ကြံ့ခိုင်မှုမပြည့်ဝရင်...ရာသီဥတုဆိုးဝါးတဲ့အချိန်တွေဆိုရင်...
အနည်းနဲ့အများ ဖြစ်နေဦးမှာအမှန်ပါဗျာ...
ဒါလေးကတော့ ကိုယ်တွေ့လေးမို့ ဖတ်ကြည့်ကြပါဗျာ...
သံရုံးတစ်ခုမှ ကိုရီးယားနိုင်ငံထုတ်Santa ကားတစ်စီး အင်္ဂျင်ဝိုင်ခမ်းပြီး ဘယ်ရယ်ပျော်ကာ...
အင်္ဂျင်လှည့်မရတော့သောအခါ နယ်ဘက်ရှိ အစိုးရ နည်းပညာကျောင်းတစ်ခုသို့...
လှူလိုက်ရာ Hyudai ကားစင်တာကြီးတစ်ခုတွင် အပိုပစ္စည်းမရှိ၍ တစ်နှစ်ကျော်ကြာပြီးနောက်...
ကျွန်တော်တို့ ဝပ်ရှော့သို့ရောက်လာကာ အင်္ဂျင်ချကြည့်ရာ...
မိန်းဘယ်ရင် ကွန်နတင်းဘယ်ရင်ပျော်ကာ ကရိုင်း ထိသွားသည်...
ပစ္စတင်ဂရုလိုင်းတွေ ကျိုးကုန်ကာ အစင်းရာကြီးတွေထင်ကုန်သည်...
ကင်းမရှပ် ထိသွားသည်...ကွန်နတင်းတွေ ကောက်ကုန်သည်...
ပစ္စည်းမှာကြည့်ရာ မရသဖြင့်...နည်းပညာကောလိပ်ကျောင်းအုပ်ကြီးကိုယ်တိုင်...
ရန်ကုန်ဆင်းလာပြီးရှာသည် မရပါ...မှာပါကလည်း ငွေကုန်ကြေးကျအလွန်များကာ...
Japan Used ကားတစ်စီးလောက်ငွေကုန်ကာ အချိန် လေးလလောက်စောင့်ရမည်ဖြစ်သောကြောင့်...
ကျွန်တော်မှာလည်းဝပ်ရှော့တွင်ထားသည်မှာလည်း ၂ လကျော်နေပြီဖြစ်၍ ထားစရာနေရာအဆင်မပြေသောကြောင့် ကျောင်းအုပ်ကြီးကိုယ်တိုင် ရန်ကုန်ဆင်းလာပြီး...
ခြောက်ဘီးကားဖြင့် ကားပေါ်တင်ကာ သယ်သွားရလေ၏...
ဤကား ကိုရီးယားကားများ ပစ္စည်းရှားခြင်းကြောင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးအပိုင်းတွင်...
အခက်အခဲကြုံခဲ့ရပုံ ကိုယ်တွေ့ဖြစ်ပါသည်...
မြန်မာပြည်တွင် ၂၀၁၄ မော်ဒယ်မှစကာ ဘယ်မောင်းကားများသာတင်သွင်းခွင့်ပြုတော့မည်ဟု...
သတင်းဖတ်ရပါသည်...
ဘယ်မောင်းကားဆိုလျှင် အမေရိကန်၊ဥရောပ၊ကိုရီးယား၊တရုတ်ကားများသာ အများဆုံးသုံးရတော့မည်ဖြစ်ပါသည်...
အမေရိကန်နှင့် ဥရောပကားများသည်သုံးစွဲရာတွင်အလွန်ကောင်းပါသည်...
သို့သော်အပိုပစ္စည်း အင်မတန်မှ ဈေးကြီးလွန်းလှပါသည်...
Air Cleaner Box နှင့် ပိုက်တစ်စုံကိုပင် ဂျပန်ကားအင်္ဂျင် နှစ်လုံးစာပေးဝယ်ရသည်လည်းရှိပါသည်...
ဆီပန့်တစ်ခုသည် ဂျပန်အင်္ဂျင်တစ်လုံးစာမကပေးရပါသည်...
ထို့ကြောင့်အပိုပစ္စည်းအလွန်ဈေးကြီးသော အမေရိကန် ဥရောပကားများကို...
သာမာန်ဝင်ငွေဖြင့်ကားအသုံးပြုနေသူများ ဘယ်လိုသုံးနိုင်တော့မည်နည်း...
ဒါဆိုရင် ကိုရီယားကားနှင့် တရုတ်ကားတော့ကျန်ပါသေးသည်...
ကိုရီးယားကားမှာလည်း အပိုပစ္စည်းဈေးကြီးကာ လနှင့်ချီစောင့်ရသဖြင့်...
ကားမှာ ဝယ်ထားပြီး တစ်ခါပျက်လျှင် ပစ္စည်းမရှိလျှင် လနှင့်ချီမသုံးရတော့...
နောက် ကိုရီးယားကားရော တရုတ်ကားပါ ကားငယ်များတွင်...
ဂျပန်ကားလောက်မမာ...ဂျပန်ကားလောက်အကြမ်းအသုံးမခံနိုင်ပါ...
နောက်အဆိုးဆုံးကား ထိုကားများပျက်လျှင် ဝပ်ရှော့တွင် လနှင့်ချီ နေရာပေးရသဖြင့်...
ထိုကဲ့သို့ ကားမျိုးချည်းသာပြင်ရပါက ဝပ်ရှော့တွင်ကားပြင်စရာနေရာပင်ရှိမည်မဟုတ်တော့ပေ...
ညာမောင်း Japan Used ကားများသည် အပိုပစ္စည်းတွင်ရော...
အကြမ်းသုံးရာတွင်ရောပါ...ကိုရီးယားကား...တရုတ်ကားများနှင့်ယှဉ်ပါက ဆီနှင့်ရေပင်...
Japan Used ညာမောင်းကားများသည်...
(၁)ဈေးနှုန်းချိုသာကာ ပစ္စည်းအရည်အသွေးပြည့်မှီသည်...
(၂)အပိုပစ္စည်းပေါများကာ ဈေးနှုန်းချိုသာသည်...
(၃)အကြမ်းခံနိုင်သည် နေရာဒေသမရွေးသုံးနိုင်သည်...
(၄)နေရာဒေသမရွေး ပြုပြင်ထိန်းသိမ်းနိုင်သည်...
(၅)ဂျပန်ညာမောင်းကားများသည် မြန်မာပြည်သူများနှင့် အကျွမ်းဝင်ကာ...
ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်အသုံးပြုနိုင်ကာ လမ်းအယူအဆမှအစ ကျွမ်းကျင်ပြီးဖြစ်သည်...
ဒါကြောင့်မို့ ဘာဖြစ်လို့ မြန်မာပြည် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ...
၂၀၁၄ မော်ဒယ်မှစကာ ဘယ်မောင်းချည်းသာ တင်သွင်းခွင့်ပြုတော့မည်ဟု ထုတ်ပြန်ရပါသနည်း...
မော်တော်ယာဉ်အသုံးပြုသူများရဲ့ ဆန္ဒသဘောထားမှာ...
ဘယ်မောင်းဖြစ်စေ ညာမောင်းဖြစ်စေ လွတ်လပ်စွာတင်သွင်းခွင့်ပြုစေချင်ပါသည်...
ဂျပန်နှင့် ထိုင်းတွင်ရောပါ ညာမောင်းရော ဘယ်မောင်းပါ တင်သွင်းမောင်းနှင်ခွင့်ပြုထားရာ...
မြန်မာပြည်ကျမှ ဘာကြောင့် ဘယ်မောင်းတစ်မျိုးတည်းတင်သွင်းရန် ကန့်သတ်ရပါသနည်း...
မြန်မာပြည်သူများ၏ တစ်ဦးချင်းဝင်ငွေမှာ ယခုထက် အဆများစွာမြင့်တက်လာပြီး...
နိုင်ငံ၏ GDP မြင့်မားလာကာ ဖွံ့ဖြိုးပြီးနိုင်ငံစာရင်းဝင်သွားခဲ့ပြီး...
လူတိုင်း ကားအသစ်ဝယ်စီးနိုင်သောအချိန်တွင်တော့...
ဘယ်မောင်း တစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုတာကို လက်ခံနိုင်ပါသည်...
ထိုအချိန်တွင်တော့ ဘယ်ကားကုမ္ပဏီမဆို မြန်မာပြည်ကို ကားရောင်းချင်လျှင် ဘယ်မောင်းကားအသစ်တင်သွင်း ရောင်းချလို့ရပြီဖြစ်ပါသည်...
နောက်တစ်ခုက ဘယ်မောင်းတင်သွင်းခွင့်ကို မဖြစ်မနေပြဌါန်းပါက...
ညာမောင်းမှ ဘယ်မောင်းပြောင်းထားသော ကားများဝင်လာပါကလည်း...
မောင်းနှင်အသုံးပြုသူများအတွက် အန္တာရာယ်များပါသည်...
ထို့အပြင်ယခုတင်သွင်းပြီးသော ညာမောင်းကားစီးရေပေါင်းမြောက်များစွာကို...
ဘယ်လိုလုပ်ကြမည်နည်း?
ယခုလို နိုင်ငံဆင်းရဲကာ တစ်ပတ်ရစ်ကားများသာ ပြည်သူအများစုက စီးနင်းနိုင်ချိန်မှာ...
ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင့်ခွင့်ပြုမည့် မူဝါဒမှာ မချမှတ်သင့်သေးပါကြောင်းနှင့်...
တာဝန်ရှိသူများပြန်လည် သုံးသပ်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်...
ကိုတိုး (Online ကားဝပ်ရှော့)

No comments: