Wednesday, May 25, 2016

သံဃာတော်များ ဆိုင်ကယ်နှင့်မော်တော်ယာဉ် မောင်းလျှင် အရေးယူမည် --------------------------------------

သံဃာတော်များ ဆိုင်ကယ်နှင့်မော်တော်ယာဉ် မောင်းလျှင် အရေးယူမည် -------------------------------------------- ရန်ကုန်၊ မေ၂၄ ဗုဒ္ဓဘာသာဝင် သံဃာတော်များ ဆိုင်ကယ်နှင့်မော်တော်ယာဉ်များကို ကိုယ်တိုင်မောင်းနှင်ပါက အရပ်ဘက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများကလည်း သံဃာတော်များ ဆိုင်ကယ်နှင့်မော်တော်ကားများ ကိုယ်တိုင် မောင်းနှင်မှုကိုတွေ့ရှိလျှင် မော်တော်ယာဉ် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာရေးသား ထုတ်ပြန်ထားပြီးဖြစ်သည်။ အဆိုပါ အရေးယူမည့် ကိစ္စရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လကို ပညာပေးကာလအဖြစ် သတ်မှတ်ထားကာ ဇူလိုင်လမှစတင်ကာ တားမြစ်ချက်ကိုဖောက်ဖျက်ပါက သက်ဆိုင်ရာ မော်တော်ယာဉ် ဥပဒေများနှင့်အညီ အရေးယူရမည်ဖြစ်ကြောင်း ဦးမြင့်ဇော်ဝင်းက ဆိုသည်။ “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေးဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆရာတော်ကြီးတွေက စာရေးသား ထုတ်ပြန်ထားပြီးဖြစ်တယ်”ဟု ၎င်းကရှင်းပြသည်။ ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး အင်းစိန်(ရွာမ)ဆရာတော် အရှင်တိလောကဘိဝံသက “ဆရာတော် သံဃာတော်တွေက မော်တော်ယာဉ် ကိုယ်တိုင် မမောင်းနှင်သင့်ဘူး။ အခုလို ယာဉ်တွေကို ကိုယ်တိုင် မောင်းနှင်တဲ့သံဃာတော်တွေကို အရေးယူမည့်အပေါ်ကို ကြိုဆိုတယ်”ဟု မိန့်ကြားသည်။

No comments: