Monday, May 30, 2016

တပ်မတော်ပိုင်မြေရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများကို ပြန်လည် စိစစ်မည်ဟုဆို

တပ်မတော်ပိုင်မြေရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများကို ပြန်လည် စိစစ်မည်ဟုဆို Monday, May 30, 2016 ဒဂုံမြို့နယ် ပြည်လမ်း အနောက်ရပ်ကွက်ရှိ တပ်မတော်ပိုင်မြေတွင် ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံ ခြောက်လုံးကို ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်းပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသည်။ အဆိုပါ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း အဆောက်အအုံများသည် ရန်ကုန်တိုင်း လွှတ်တော်နှင့် အစိုးရရုံးကို အပေါ်မှ စီးမိုးနေမည့် အထပ်မြင့် အဆောက်အအုံဖြစ်သောကြောင့် ဆောက်လုပ်ရန် သင့် မသင့်ကို ပြန်လည် စိစစ်သွားမည်ဟု ၎င်းက ဆိုသည်။ ယနေ့ (မေလ ၃၀ ရက်) နံနက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြည်လမ်း အနောက်ရပ်ကွက်ရှိ အဆောက်အအုံ ခြောက်လုံး တည်ဆောက်နေခြင်းသည် စည်ပင်သာယာရေး ဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ The Voice Weekly

No comments: