Tuesday, May 24, 2016

ရာအိမ်မှူးအမျိုးသမီး အသတ်ခံရမှု ဒေသခံများစိတ်ဝင်စားလျက်ရှိ

  ဖားကန့်ဒေသတွင် ရာအိမ်မှူး အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းမမိသေးဘဲ ယင်းအမှုအပေါ် ဒေသခံများက အထူးစိတ်ဝင်စားလျက်ရှိသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စု မှော်ရှန်ကျေးရွာ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် (၄၀)နှစ်ကို မေလ ၂၂ ရက် ညနေ ၅ နာရီခန့်တွင် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောသည်။ သေနတ်သမားနှစ်ဦးက သေနတ် ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ရာအိမ်မှူးအနေနဲ့ တာဝန်ယူ ထားတာ တစ်လနဲ့ ၂၂ ရက်ပဲ ရှိသေးတယ်။ ပစ်ခတ်မှုက သူ့အိမ်ထဲမှာ ဖြစ်တာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီအမှုကို အသေ အချာ စစ်ဆေးနေပါတယ်။ လော လောဆယ် အခြေအနေက တိတိ ကျကျ ဘာမှ ပြောလို့ မရသေးပါ ဘူး’’ဟု အထက်ပါရဲအရာရှိက ပြောသည်။
ဖားကန့်ဒေသခံများက ဒေ သတွင်းလူမှုရေးလုပ်ငန်းများ တက်တက်ကြွကြွလုပ်ဆောင်နေ သည့် အမျိုးသမီးတစ်ဦးကို မင်း မဲ့စရိုက်ဆန်စွာ သတ်ဖြတ်မှုခံ လိုက်ရမှုအပေါ် ရှုတ်ချခဲ့ပြီး အမှု မှန် အမြန်ဆုံး ဖော်ထုတ်ပေး သင့်ကြောင်း ပြောသည်။ ဖားကန့် မြို့နယ် ကျေးရွာအချို့တွင် မြန်မာ့တပ်မတော်နှင့်ကေအိုင်အေတို့ ဖြစ်ပွားနေသော တိုက်ပွဲသည် လတ်တလောကာလ၌ ငြိမ်သက် နေပြီး ဒေသတွင်း လုံခြုံရေးဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးက မေလ ၂၃ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments: