Saturday, May 28, 2016

“ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမည်”

“ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမည်”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည် သည် ဇွန်လအတွင်း တွင် ထိုင်းနိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7Day သတင်းစာသို့ အတည်ပြုပြောကြားသည်။
အဆိုပါခရီးစဉ်အတွင်းသွားရောက်မည့် နေရာများနင့်အချိန်ဇယားကို နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်ပြီး ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများကိုမူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာစီးပွားရေးညီလာခံတက်ရောက်ရန် သွား ရောက်ခဲ့ပြီးထိုခရီးစဉ်မှာ သူမအတွက် နှစ်ပေါင်း ၂၄ကြာပြီးနောက် ပထမဆုံးပြန်လည်သွားရောက်သည့် ပြည်ပခရီးစဉ်လည်းဖြစ်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီးနောက်တွင် လာအိုနိုင်ငံသို့ တစ်နေ့တာ ခရီးသွားရောက်ခဲ့အပြီးနောက် ယခုထိုင်းနိုင်ငံခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


No comments: