သေဆုံးသူဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ဖြစ်ပြီး အသက် (၄၀) ခန့်ရှိသည်ဟုလည်း သိရပါတယ် ။ ဆိမ်မူ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးပြောပြတာကတော့ “ နန္ဒာလှိုင် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဆိုင်ကယ်ပျောက်တာလာတိုင်တယ် ။ နောက်ထပ် လူတစ်ယောက် ဝင်လာပြီး သေနတ်နဲ့ ကပ်ပစ်သွားတယ် ဒီလောက်ပဲ သိရတယ် ။” ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ မှော်ရှန်ရာအိမ်မှူး မနန္ဒာလှိုင် သေနတ်နဲါ ပစ်သတ်ခံရသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြု ဖြေကြားခဲ့ပါတယ် ။“ သေနတ်နဲ့ ပစ်သတ်တာ ဟုတ်ပါတယ် ။ အကြမ်းဖျင်းစစ်ဆေးချက်တွေအရ ဒေနတ်ဒဏ်ရာ (၆) ချက်တွေ့ရပါတယ် ။မနက်ကျမှ အသေးစိတ်စစ်ဆေးမှာပါ ။ ဘယ်အဖွဲ့အစည်းက ပစ်သတ်တယ်ဆိုတာတော့ ပြောလို့မရပါဘူး ” ။လို့
ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးမှ ဖြေကြားခဲ့ပါတယ် ။
မနန္ဒာလှိုင် သေနတ်ဖြင့် ပစ်သတ်ခံရမှု၏ နောက်ကွယ်တွင် သံသယဖြစ်ဖွယ်
ပြဿနာများစွာ ရှိနေတယ်လို့လည်း ရွာသားများက ပြောဆို သုံးသပ်နေကြပါတယ် ။
မနန္ဒာလှိုင်ဟာ ဖားကန့်မြို့နယ်၏ တစ်ဦးတည်းသော အမျိုးသမီး
ရာအိမ်မှူးတစ်ဦးလည်းဖြစ်ပြီး ၊ ရပ်ရွာအတွင်း တရားမဝင်
စွန့်ပစ်မြေစာပစ်သည့် ကိစ္စမျညးတွင် ရွာသားများဘက်က ရှေ့ဆောင်ဖြေရှင်းသူ
တစ်ဦးဖြစ်ပြီး NLD ပါတီဝင် တစ်ဦး ဖြစ်သည်ဟုလည်း သိရပါသည် ။
ဇော်မိုးထက် ( ၂၂.၅.၂၀၁၆)
ဇော်မိုးထက် ( ၂၂.၅.၂၀၁၆)
No comments:
Post a Comment