Monday, May 23, 2016

မီးရထားစက်ခေါင်းနှင့် နောက်တွဲချိတ်ပြုတ်သဖြင့်ခရီးသည်တွဲဆိုင်းဘူတာတွင်ကျန်ရစ်

Sunday, 22 May 2016

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှဘူတာတွင် ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၅၈ အစုန် မန္တလာရထားစက်ခေါင်း နောက်တွဲနှစ်တွဲမြောက် တွဲချိတ်ဆက် ထားသောချိတ်ပြုတ်ပြီး စက်ခေါင်းနှင့်နှစ်တွဲသီးသန့် ဘူတာမှ ထွက်ခွာ သွား၍ ခရီးသည်တွဲဆိုင်းများ ဘူတာတွင်ကျန်ခဲ့ကြောင်း ခရီးသည်တစ်ဦး က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကန့်ဘလူမြို့ထိန်းပြင်အဖွဲ့က နံနက် ၉ နာရီခွဲတွင်ရောက်ရှိလာပြီး တွဲပြန်ချိတ်နိုင်ရေးဆောင်ရွက်ကြရာ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် ရထားပြန်လည်ထွက်ခွာနိုင်ကြောင်း သိရသည်။

No comments: