Saturday, May 28, 2016

အင်းတော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

အင်းတော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်း ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင် မေလ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ကချင်မန္တလာ ခရီးသည်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ရဲအုပ်မင်းသိန်းထွန်းသည် ပင်ဝယ်ရဲကင်းမှူး တာဝန် ဆောင်ရွက်နေစဉ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင်
ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း မိုင်တိုင်အမှတ် ၁၅၀/၄ နှင့် ၅ ကြားတွင် အရှည်ကြီး မောင်းနှင်လာသော 5H/---- (၆)ဘီး UD ယာဉ်သည် လမ်း၏ယာဘက်တွင် မန္တလေးဘက်သို့ ဦးခေါင်းလှည့်ပြီး ရပ်နားထားစဉ် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ အငယ်လေး(ခ)နိုဘီ မောင်းနှင်လာသော 5G/---- အန်စာတုံး ကချင်မန္တလာ ခရီးသည်ယာဉ်မှ ရပ်ထားသော 5H/---- ယာဉ်၏ နောက်ဘက်ခြမ်းသို့ ဝင်တိုက်ရာ ယာဉ်မောင်း အငယ်လေး(ခ)နိုဘီနှင့် ခရီးသည် ကိုမြတ်သူတို့ သေဆုံးခြဲ့ပီး ကျန်ခရီးသည် (၁၁)ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

အင်းတော်ဆေးရုံးတွင် တက်ရောက်ကုသမှု ခံယူနေသော ဦးစံဖြိုး(၆၅) ဘ ဦးသာကြည် ကြုံကတုတ်ရွာ ကန်ကြီးဒေါင့်မြို့နယ်နေသူ၊ ရန်နိုင်အေး (၂၇) ဘ ဦးအေး ပြင်ဦးလွင်မြို့နေသူနှင့် ကိုဝင်းနိုင် (၄၃) ဘ ဦးဈေးသာရွာ နတ်မောက်မြို့နယ် နေသူတို့မှာ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်နေကြောင်း အင်းတော်ဆေးရုံမှ စုံစမ်းသိရှိရသည်။

ထို့ကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အငယ်လေး (ခ) နိုဘီ (၂၈) ဘ ဦးဂျူလိုင် စမ်းချောင်းရွာ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းနေသူအား အင်းတော်မြို့နယ် မော်လူးနယ်မြေ ရဲစခန်းမှ လူသေဆုံး ထိခိုက်ဒဏ်ရာ ရရှိအောင် ယာဉ်အား မဆင်မခြင် မောင်းနှင်မှု ယာဉ်(ပ)၈/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Website Link -----> http://news-eleven.com/crime/19608 news-eleven.com


No comments: