Thursday, May 26, 2016

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ မော်ပင့်ရပ်ကွက်မှနမ္မချီကျောက်စိမ်းမှော်သို့သွားသောလမ်းတွင် ၂၄-၅-၂၀၁၆နေ့ တောတွင်းတနေရာ၌ လူသေအလောင်းတွေ့ရှိ

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ မော်ပင့်ရပ်ကွက်မှနမ္မချီကျောက်စိမ်းမှော်သို့သွားသောလမ်းတွင် ၂၄-၅-၂၀၁၆နေ့ တောတွင်းတနေရာ၌ လူသေအလောင်းတွေရှိပြီး အလောင်းမှာ ဓားဒဏ်ရာများနှင့်သေဆုံးနေသည်ဖြစ်ပြီး သေဆုံးသူမှာ မိုးညှင်းမြို့ ရေလည်ကျွန်းရပ်ကွက်မှ မောင်ကျော်ဇင်ထွန်း(ခ)နသီး(သ)(၁၉)နှစ်(ဘ)ဦးမောင်တူး ဖြစ်ကြောင်းသိရှိပြီး အလောင်းအား မော်ဟန်လူမှုကူညီရေးအသင်းမှ မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ ၂၅-၅-၂၀၁၆နေ့ နံနက် ၈း၀၀ လာရောက်ပို့ဆောင်ပေးခဲ့ကြပါသည်။လူသတ်မှူ့၌ပါဝင်ကျုးလွန်သူများအား ရဲတပ်ဖွဲ့မှ အမြန်ဆုံးဖမ်းမိနိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်းသိရှိရပါသည်

No comments: