Tuesday, May 24, 2016

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မှာ မတ်လ (၂၄) ရက် ညနေ (၄) နာရီ (၁၅) မိနစ် အချိန်ခန့်က ဆာကူရာတာဝါ မျက်နှာချင်းဆိုင် ရထားလက်မှတ်ရုံ အနီးက ဓာတ်တိုင် အောက်မှာ အသက် (၁၆) နှစ်ခန့် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



 အဲဒီလူငယ်ဟာ ပြင်ပ ဒဏ်ရာ မတွေ့ရဘဲ ပက်လက်အနေအထားနဲ့ ဓာတ်တိုင်အောက်မှာ သေဆုံးနေတာ ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကာ ဆေးစစ်ချက် ယူနေတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့မ ရဲစခန်း ရဲမှူးရန်မျိုးအောင်က 5 plus ကိုပြောပါတယ်။



ဓာတ်တိုင်ကို စစ်ဆေးကြည့်ရာ လျှပ်စစ်စီးနေပြီး လူငယ်ဟာ ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ ယူဆရကြောင်း ရဲမှူး ရန်မျိုးအောင်က ပြောပါတယ်။ သေဆုံးသူလူငယ်ဟာ မီးရထားတန်းလျားမှာ နေထိုင်သူဖြစ်ပြီး လေလွင့်လူငယ်တစ်ဦး ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ဒီသေဆုံးမှုကို မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၆ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Kalayar Sukyi
5 Plus News

No comments: