Wednesday, May 25, 2016

၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသိန်းစိန်ပြော

၂၀၂၀ ရွေးကောက်ပွဲ တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်များ ပြန်လည်ထမ်းဆောင် နိုင်ရန် လုပ်ဆောင်မည်ဟု ဆုံး ဖြတ်ထားကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ယခင် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံရာ တွင်ပြောကြားခဲ့သည်။
သမ္မတဟောင်းဦးသိန်းစိန် နှင့် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် များက မေလ ၂၄ ရက်နေ့လယ် ကရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယခင်အစိုးရအဖွဲ့ဝင် ၀န် ကြီးဟောင်းများနှင့် ၂ နာရီခန့်အကြာ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲ နှင့်ပတ်သက်၍ ‘‘ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ပတ်သက်လို့က တော့ သီးခြားပြောထားတာမရှိပါ ဘူး။ သို့သော် ဘာပဲပြောပြော သမ္မတကြီးကတော့ အရင်တုန်း က  အင်တာဗျူးတွေမှာလည်း သူအမြဲတမ်း ပြောခဲ့တာရှိတယ်။ နိုင်ငံရေးပါတီတစ်ခု အနေနဲ့က တော့ ဘယ်နိုင်ငံရေး ပါတီမဆို မိမိပါတီ အနေနဲ့ လုပ်ပိုင်ခွင့်ရ အောင်တော့ ကြိုးစားကြတာပဲ။ ဒါကြောင့်မို့ သူလည်း ၂၀၂၀ ကျ ရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပိုပြီးတော့ ရလဒ်ကောင်းတွေရအောင် ဖြစ် နိုင်လို့ရှိရင် ပြန်ပြီးတော့မှ ဥပဒေ ပြုရေးနဲ့ အုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်နိုင်အောင် သူလုပ် မယ်လို့ ဆုံးဖြတ်ထားတာပါ’’ ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ထည့်သွင်းပြောကြားသည်။
ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပြီးခဲ့သည့်ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း လွှတ် တော်အတွင်း ရှိနေသည့်အတွက် လက်ရှိအစိုးရနှင့်တူညီသည့် အ ချက်များကို ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး ထောက်ပြရန်လိုအပ် သည့် ကိစ္စများကိုလည်း တာဝန် သိသိနှင့် ထောက်ပြမည်ဟုသမ္မတဟောင်းက ပြောကြားခဲ့ကြောင်းဦးရဲထွဋ်ကဆိုသည်။
‘‘ဆွေးနွေးတဲ့အထဲမှာ ပြီးခဲ့ တဲ့အစိုးရ ငါးနှစ်အတွင်းမှာ ကျွန် တော်တို့အစိုးရအဖွဲ့အနေနဲ့ရော၊ ပြည်ခိုင်ဖြိုးပါတီ  အနေနဲ့ရော၊နိုင်ငံနဲ့လူမျိုးအတွက် အကောင်း ဆုံးကြိုးစားလုပ်ဆောင်ခဲ့တယ်။ အခုတော့ ရွေးကောက်ပွဲမှာ ရှုံး တဲ့ အတွက်ကြောင့်မို့ ဆက်ပြီး တော့ လုပ်ဆောင်ခွင့်မရဘူ။ သို့ သော်လည်း လုပ်ဆောင်ခွင့်မရ သော်လည်း ပါတီအနေနဲ့ လွှတ် တော်ထဲမှာ  ရှိနေတဲ့အတွက် ကြောင့်မို့ ဒီတာဝန်သိတဲ့ ပါတီ တစ်ရပ်အနေနဲ့ လက်ရှိ အစိုးရ သစ်နဲ့ တူညီတဲ့ အလုပ်တွေကို အားလုံး ပူးပေါင်းလုပ်ဆောင် မယ်။ နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွား အတွက် ထောက်ပြဖို့လိုတယ်ဆို လည်း တာဝန်သိသိနဲ့ ထောက်ပြ သွားမယ်လို့ ပြောပါတယ်။ ပြီးလို့ ရှိရင် ကျွန်တော်တို့ဝန်ကြီးဟောင်း  ဒုဝန်ကြီးဟောင်းတွေ တချို့က လက်ရှိပါတီမှာ ၀င်လုပ်နေတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့လို ပါတီထဲမှာ မပါတဲ့သူတွေက လည်း ပထမဆုံးအချက်အနေနဲ့ ကတော့ နိုင်ငံသားကောင်းတစ် ယောက်အနေနဲ့ကတော့ နိုင်ငံနဲ့ အစိုးရနဲ့လွှတ်တော်ကို လိုအပ်လို့ ရှိရင် ဝေဖန်ထောက်ပြပေးဖို့တိုက်တွန်းပါတယ်။ ပြီးလို့ရှိရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုလည်း ဝေဖန် အကြံပြုစရာတွေရှိရင် ဝေဖန်အကြံပြုဖို့တိုက်တွန်းပါတယ်’’ ဟု ဦးသိန်းစိန်အစိုးရ လက်ထက် ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြား သည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦး သိန်းစိန်နှင့်တွေ့ဆုံပွဲတွင် ယခင် အစိုးရအဖွဲ့ ၀န်ကြီး၊ ဒုဝန်ကြီး ဟောင်းများအပြင်  လွှတ်တော် ကိုယ်စားလှယ်ဟောင်း  အချို့ လည်း  တက်ရောက်ခဲ့ကြောင်း  သတင်းရရှိသည်။

No comments: