Tuesday, May 24, 2016

ပါကင်ပါမစ်ကိစ္စကို ဇွန်လအတွင်း အတိအကျထုတ်ပြန်ပေးရန် မော်တော် ယာဉ်အသင်းတောင်းဆို -------------------------------------------

ပါကင်ပါမစ်ကိစ္စကို ဇွန်လအတွင်း အတိအကျထုတ်ပြန်ပေးရန် မော်တော် ယာဉ်အသင်းတောင်းဆို
----------------------------------------------

ရန်ကုန်၊ မေ ၂၃

ပါကင်ပါမစ်လျှောက်ထားခွင့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တစ် လကျော်ကြာပိတ်ပင်ထား ခြင်းကြောင့် ယင်းကိစ္စကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားထုတ်ပြန်ပေးရန် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းက တိုင်းအစိုးရအဖွဲ့ ထံ တောင်းဆိုလိုက်ကြောင်း ယင်းအသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောကြားသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း (MAMDA)နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ ဝင်များနှင့် မေလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့စဉ်က ယင်းသို့တင်ပြတောင်း ဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဝန်ကြီးချုပ်ကလည်း ဒီကိစ္စထက် ကောင်းမွန်တဲ့စနစ်တစ်ခုကို ရေး ဆွဲနိုင်အောင်လုပ်ပြီး ပြည်ထောင်စုအစိုးရကို တင်ပြဖို့ရှိပါတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါကင်ပါမစ်လျှောက်ထားခွင့်ကို မတ်လ ၂၅ ရက်နေ့မှ စတင် ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် လျှောက်ထားခွင့် ပိတ်ပင်ထားခြင်းမှာ ရက်ပေါင်း ၅၀ ကျော် ကာလအတွင်းသို့ ရောက်ရှိ လာပြီဖြစ်သည်။

ထို့ကြောင့် ပါကင်ပါမစ်မရရှိခြင်းကြောင့် ဆိပ်ကမ်းတွင် မော်တော်ယာဉ်များ ထုတ်ယူနိုင်ခြင်းမရှိဘဲ ရန်ကုန်လိုင်စင်မော်တော်ယာဉ်များ ပိတ်မိလျက်ရှိပြီး ထပ်မံတင်သွင်းရန်မှာလည်း ကြိုတင်ဝင်ငွေ ခွန်များစွာ ပေးဆောင် ရမည်ဖြစ်သည့်အတွက် ရပ်ဆိုင်းထားရကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းတွင် ပိတ်မိ နေသည့် မော်တော်ယာဉ်များကို ရရာပါမစ်ဖြင့်ကပ်၍ ထုတ်ယူနေ ရကြောင်း မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက ပြောကြားသည်။

MAMDA အသင်း၏ ထောက်ခံချက်ဖြင့် မော်တော်ယာဉ်အရောင်းပြခန်းနှင့် အရောင်းစင်တာများ အတွက် ပါကင်ပါမစ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်ချပေးမည်ဟုဆိုသော်လည်း ယခုအချိန်အထိ ပြန်လည်ချပေး ထားခြင်းမရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။


No comments: