Thursday, May 26, 2016

သံဃာ အယောင်ဆောင် အလှူခံများကို အရေးယူမည်

သံဃာ အယောင်ဆောင် အလှူခံများကို အရေးယူမည်
--------------------------------------
ရန်ကုန်၊ မေ ၂၅

ရန်ကုန်မြို့တ်ာရှိ လူစည်းကားသောနေရာများတွင် သံဃာ အတုအယောင်များက အတင်းအကျပ် အလှူခံခြင်းများ ဖြစ်ပွားနေခြင်းကို တိုင်းဒေသကြီးအစိုးရက စိစစ် အရေးယူတော့မည်ဖြစ်သည်။

အများပြည်သူသွားလာသော နေရာများတွင် သံဃာ အယောင်ဆောင်ပြီး အလှူခံခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် သံဃာ့နာယက ဆရာတော်များနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်း ရှင်းလင်းမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

“သက်ဆိုင်ရာ ဆရာတော်တွေက စစ်ဆေးခြင်းကို ဆောင်ရွက်မယ်။ ကျွန်တော်တို့ဘက်က ဥပဒေအရ ဆောင်ရွက်ပေးသွားမယ်”ဟု ဦးနိုင်ငံလင်းက မေလ ၂၅ ရက်နေ့က The Voice နှင့်တွေ့ဆုံစဉ် ပြောဆိုခြင်းဖြစ်သည်။

သံဃာ အတုအယောင်များကို အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်များနှင့် ခရိုင်၊ တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကျေးအထိ ဆရာတော်များက ဦးဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး သာကေတမြို့နယ် သံဃာ့နာယအဖွဲ့ဝင် ဆရာတော်တစ်ပါးက “အများပြည်သူရှေ့မှာ သံဃာယောင်ဆောင်ပြီး အလှူခံတာတွေက မသင့်လျော်ဘူး။ သာသနာအတွက် မကောင်းပါဘူး”ဟု မိန့်ကြားသည်။


No comments: