Tuesday, May 24, 2016

လိပ်ကျွန်းလူသတ်မှုသေဒဏ်ကျခံ မြန်မာနိုင်ငံသားနှစ်ဦးကို ကွင်းလုံးကျွတ်လွှတ်မိန့်ပေးရန်အယူခံတင်သွင်း

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအတွက် ကွင်းလုံးကျွတ်လွှတ်မိန့်ပေးရန်အယူခံကို ထိုင်းနိုင်ငံ ကော့စမွေခရိုင်တရားရုံးသို့ ရှေ့နေများနှင့်အတူ တရားခံမိခင်များက ယနေ့တင်သွင်းလိုက်ကြောင်း သိရသည်။
အချိန်ငါးလခန့်ပြင်ဆင်ခဲ့သော ယင်းအစီရင်ခံစာကို ထိုင်းရှေ့နေများကောင်စီအမှုလိုက်ရှေ့နေအဖွဲ့နှင့်အတူ မြန်မာ၊ သြစတြေးလျ၊ အင်္ဂလန်နိုင်ငံတို့မှ ဘာသာပြန်များ၊ အကြံပေးများက အစွမ်းကုန်ကြိုးစား ရေးသားထားခြင်း ဖြစ်ပြီး တရားစီရင်မှုတွင်ပြီးပြည့်စုံပြီး မျှတသောခုခံကာကွယ်မှုကို တရားခံ များရရှိစေရန် အတွက်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကွန်ရက်ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် အင်္ဂလန်နိုင်ငံသားနှစ်ဦးအသတ်ခံရ မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သောဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို တရားမဝင် ပြည်ဝင်မှုနှင့်အဓမ္မပြုကျင့်မှု၊ပစ္စည်း ခိုးမှု၊လူသတ်မှုစသည့်အမှုများဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
ယနေ့တင်သွင်းသော အစီရင်ခံ စာတွင် စာမျက်နှာ ၁၉၈ မျက်နှာပါ ရှိပြီးတရားခံရှေ့နေများ၏ရပ်တည် ချက်၊ မိမိတို့ဘက်မှသက်သေ ၁၃ ဦး၏ ထွက်ဆိုချက်များနှင့်အထောက် အထားများ၏ ခိုင်မာပုံကိုပြန်လည် ခုခံထားပြီး နှစ်ဖက်သက်သေများ ၏ထွက်ချက်နှင့်အထောက်အထား များအပေါ် နှိုင်းယှဉ်သုံးသပ်ပြီး အယူခံတရားရုံးအနေဖြင့်မူပြစ်ဒဏ် ကိုပယ်ဖျက်ပြီး ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း တင်ပြထား သည်။
အယူခံလွှာ၏ထက်ဝက်ကျော် သည် ကော့စမွေတရားရုံးမှအမိန့် ချရာတွင် အဓိကယူထားသော ဒီအန်အေ အထောက်အထားနှင့် အထောက်အထားကြောင့်အမှုကျူး လွန်ကြောင်း သံသယဖြစ်ဖွယ်မရှိ ယုံကြည်သည် ဟူသော ဒီအန်အေ အထောက်အထားသည်နိုင်ငံတကာ စံညွှန်းနှင့်ညီသည်ဟူသော ယူဆ ချက်များကို ချေပကန့်ကွက်ထား ခြင်းဖြစ်သည်။
ထိုအယူခံလွှာတွင် တရားခံ၏ ခုခံချေပချက်ကိုလက်မခံသောတရား သူကြီးအဖွဲ့၏ လွဲချော်မှုကိုထောက် ပြထားသည်။ ၄င်းချေပချက်များတွင် -
၁။တရားခံနှစ်ဦးကိုဖမ်းဆီးစစ် ဆေးစဉ်က ရဲတပ်ဖွဲ့၏ပြုမူဆောင် ရွက်ပုံသည် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ပေ။ ဖမ်းဆီးပြီးနောက် သက်သေအဖြစ်သာထွက်ချက်ယူ သော်လည်း အမှုကျူးလွန်သည်ဟု ဝန်ခံချက်ပေးခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြိမ်းခြောက်မှုရှိခြင်း၊ ဝန်ခံချက် ပေးရာတွင်ရှေ့နေသို့မဟုတ်တရား ခံကယုံကြည်စိတ်ချသောလူပုဂ္ဂိုလ် မရှိခြင်း၊တရားခံ၏ရပိုင်ခွင့်နှင့်စွဲဆို သောပုဒ်မကို မရှင်းပြခြင်း၊တရားခံ ၏ရပိုင်ခွင့်ကို ကာကွယ်ပေးမည့် ဘာသာပြန်နှင့်ရှေ့နေမရှိခြင်း၊ဒီအန် အေနမူနာယူရာတွင် တရားခံ၏ အလိုဆန္ဒမပါဘဲရယူခြင်း စသည် တို့ကြောင့်ရဲတို့ကတင်ပြထားသော အထောက်အထားများကို ထည့် သွင်းစဉ်းစားခြင်းမပြုသင့်ပါ။

၂။တရားလိုဘက်မှတင်ပြသော တရားခံများကိုစစ်ဆေးစဉ်က ဝန်ခံ ထားခဲ့ကြသည်ဆိုသောအချက်တွင် ၄င်းစစ်ဆေးစဉ်အချိန်က အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်း၊ နှိပ် စက်ခြင်းတို့ကြောင့်သာ အလိုမတူပဲ ဝန်ခံခဲ့ရခြင်းဖြစ်သည်။ ထိုကော့တောင်(လိပ်ကျွန်း)ရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့အပေါ်ဥပဒေ မဲ့ပြုလုပ်မှုများ အစဉ်အဆက်ရှိနေခဲ့ပြီး ဝန်ခံချက်များအခြားစာရွက် စာတမ်းပေါ်တွင်လက်မှတ်ထိုးထား သော်လည်းအတင်းအကျပ်စေခိုင်းသဖြင့်သာ လက်မှတ်ထိုးခဲ့ရခြင်း ဖြစ်သည်။ ထို့အတူဗီဒီယိုတွင် ပြ ထားသော သရုပ်ဆောင်သည့် ပုံမှာလည်းအသက်အန္တရာယ်နှင့်ခြိမ်း ခြောက်မှုများကြောင့်သာ အလိုမ တူပဲစေခိုင်းသလို လုပ်ပြခဲ့ရခြင်း ဖြစ်သောကြောင့် ၄င်းအထောက် အထားများကို စီရင်ဆုံးဖြတ်ရာ တွင် ယူမသုံးသင့်ပါ။
၃။တရားခံများသည် လူသတ် လက်နက်ဖြစ်သောပေါက်တူးနှင့် သက်ဆိုင်စပ်ဆက်မှုမရှိပါ။ ပေါက် တူးတွင် တရားခံတို့၏ဒီအန်အေ ကိုမတွေ့ရဘဲ အခြားသူ၏ဒီအန်အေ သာတွေ့ရသည်။
၎။ဒီအန်အေအထောက်အထား နှင့် အခင်းဖြစ်ပွားရာနေရာပတ်ဝန်း ကျင်မှအထောက်အထားများသည် ယုံကြည်နိုင်ဖွယ်မရှိပါ။ သိမ်းဆည်း၊ စမ်းသပ်၊ ဖွေရှာ၊ သုံးသပ်မှုများ စသည့်အစီအစဉ်များသည် ISO 17025 ကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြုစံညွှန်းများနှင့် မညီ ညွတ်ပါ။ထို့ကြောင့်၎င်းအထောက် အထားများကိုအသုံးပြု၍ တရားခံ များသည် သေဆုံးသူအမျိုးသမီးကို အဓမ္မပြုကျင့်၍ သတ်ခြင်း၊ အမျိုး သားကို သတ်ခြင်းစသော ပြစ်မှုများကျူးလွန်သည်ဟုကောက်ချက် ဆွဲယူမှု မပြုသင့်ပါ။ ထို့အပြင် တရားခံများကို ဘေးပတ်ဝန်းကျင် အထောက်အထားများဖြစ်သည့် ဆေးလိပ်တို၊ ဖုန်းနှင့်မျက်မှန်ခိုးယူ ခြင်း၊ စီစီတီဗွီမှပြေးနေသူစသည် တို့နှင့် သက်ဆိုင်သည်ဟု ကောက် ချက်ယူခြင်းမပြုသင့်ပါ။
၅။တရားလို၏အမှုစွဲချက်မှတ် တမ်းတွင် ပြစ်မှုကျူးလွန်ကြောင်း ပြဆိုနိုင်သည့် အမှုအတွက်အရေး ကြီးသောအထောက်အထားအချက် အလက်များပါဝင်ခြင်းမရှိပါ။အခင်း ဖြစ်ပွားရာနေရာ၏လုံလောက်သော ဓာတ်ပုံအထောက်အထား၊အလောင်း ခွဲစိတ်မှတ်တမ်း၊ ဒီအန်အေစစ်ဆေး ခြင်းဆိုင်ရာ အဆင့်ဆင့်များကို မှတ်တမ်းတင်ထားသော အစီရင်ခံ မှတ်တမ်း၊ထိန်းချုပ်မှုရှိသော ဒီအန် အေဓာတ်ခွဲခန်းမှတ်တမ်း၊ဒီအန်အေ အဖြေသုံးသပ်မှု မှတ်တမ်းစသည် တို့အပြင် ကျူးလွန်သူ၏ဒီအန်အေ နှင့် အခြားအထောက်အထားများ ရှိနေနိုင်သောသေဆုံးသူအမျိုးသမီး ၏အဝတ်အစားများကိုစစ်ချက်မယူ ထားခြင်း သို့မဟုတ် စစ်ချက်ယူ ထားသော်လည်းတရားရုံးတွင်မတင် ပြခြင်းတို့တွေ့ရသည်။ တရားရုံး တွင်တင်ပြသော စီစီတီဗွီမှတ်တမ်း များသည်အပြည့်အစုံမဟုတ်သည့် အပြင် လက်ဗွေရာ၊ ခြေရာတို့ကို လည်း တင်ပြခြင်းမရှိပါ။
အကျဉ်းချုပ်ရလျှင် ဖော်ပြပါ အကြောင်းအချက်များကြောင့် အယူခံတရားရုံးအနေဖြင့် တရားခံ နှစ်ဦးတို့အပေါ် ကွင်းလုံးကျွတ် လွှတ်မိန့်ပေးပါရန် အယူခံတင်ပြ လွှာကို ကော့စမွေတရားရုံးသို့တင် သွင်းလိုက်ကြောင်းသိရသည်။

No comments: