Wednesday, May 25, 2016

အသက် ၇၇ နှစ်အရွယ် အမေရိကန်လွှတ်တော်အမတ်လောင်းတစ်ဦး အိမ်တွင် တရားမဝင် ဆေးခြောက်ပင် ၁၈ဝ ကျော်တွေ့ရှိ -----------------------------

#AlsoInNews အသက် ၇၇ နှစ်အရွယ် အမေရိကန်လွှတ်တော်အမတ်လောင်းတစ်ဦး အိမ်တွင် တရားမဝင် ဆေးခြောက်ပင် ၁၈ဝ ကျော်တွေ့ရှိ -------------------------------------------- ပြည်နယ်တချို့တွင် ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးထားသော အမေရိကန်ပြည်ထောင်စုတွင် သက်ကြီးလွှတ်တော်အမတ်လောင်းတစ်ဦး လည်း ဆေးခြောက်ပရိသတ်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရပါတယ်။ တန်နက်ဆီပြည်နယ်ကနေ အောက်လွှတ်တော်အမတ်နေရာ ဝင်ပြိုင်တဲ့ ဖလိုမာသီဆန် ဆိုသူ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးကြီးဟာ သူလည်း ဂန်ဂျာရှူရတာ ကြိုက်ပါကြောင်း ပေါ်တင်ပြောလိုက်ပါပြီ။ ခုဆို ဖလို ဟာ ဥပဒေကြောင်းအရ အမှုရင်ဆိုင်ရပါတော့မယ်။ သူမရဲ့ ပိုင်နက်နယ်မြေ ထဲမှာ ဆေးခြောက်ပင် ၁၈ဝ ကျော်တွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ထိုအပင်တွေ ခြံထဲမှာ ပေါက်ရောက်နေတာကို သတိမထားမိခဲ့ဘူးလို့ ဆိုထားတဲ့ အမျိုးသမီး ကြီးက ဆေးခြောက်ကို တရားမဝင်အဖြစ် သတ်မှတ်ထားခြင်းဟာ မကောင်း တဲ့ ဥပဒေပါလို့ ပြောထားပါတယ်။ “ကျွန်မက ဆေးခြောက်ချပါတယ်။ ဒါဟာ အပြစ်ရှိတယ်ဆိုရင် ရှိတယ်ပေါ့ရှင်” ဟု ပေါ်တင်ပြောကြားခဲ့ပါတယ်။ တန်နက်ဆီပြည်နယ်မှာ တရားမဝင်ဘူးဆိုတာ သိပါကြောင်းနဲ့ ခုလိုဆေးခြောက်ပင်တွေ ခြံထဲမှာ တွေ့တာနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ထိခိုက်သွားမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ အဆိုပါ ဆေးခြောက်အမိခံရတဲ့ကိစ္စကို မဲဆွယ်စည်းရုံးရေးတွေမှာတောင် ထည့်သွင်းဟောပြောသွားမယ်လို့ ဆိုပါသေးတယ်။ “ခုကိစ္စဖြစ်လို့ ပူဆွေးမိတာ လုံးဝမရှိပါဘူး” လို့ ဖလိုမာသီဆန် က ဆိုပါတယ်။ ခုလိုဖြစ်ခဲ့တာကြောင့် ဥပဒေကို ပြောင်းရတော့မယ်ဆိုတဲ့ ခံယူချက် ပိုမိုခိုင်မာ သွားစေတယ်လို့လည်း သူက ပြောပါတယ်။ Ref: UPI

No comments: