ငါ့ တူ ညီ သား
အူကြောင်ကြားရေ . . .
အမေတိုင်းဟာ
မိန်းမတွေ ဖြစ်ကြပေမယ့်
မိန်းမတိုင်းကတော့
မင့် အမေ မဟုတ်ကြဘူးကွယ့် . . ။
မွေးမိခင် အမေဆိုတာ
တစ်ယောက်တည်းပါ . . . ။
အဖေတိုင်းဟာ
ယောက်ျားတွေ ဖြစ်ကြပေမယ့်
ယောက်ျားတိုင်းကိုလည်း
မင့် အဖေလို့
မသတ်မှတ်လိုက်ပါနဲ့ . . ။
အဖေဆိုတာ လည်း
တစ်ယောက်တည်းပါ။
နိုင်ငံတကာက
တပ်မတော်တိုင်းဟာ
လက်နက်တွေ ကိုင်ကြပေမယ့်
လက်နက်ကိုင်နေတဲ့သူတိုင်းကို
တပ်မတော်လို့လည်း
မသတ်မှတ်လိုက်ပါနဲ့ . . ။
တပ်မတော်ဆိုတာ
နိုင်ငံတိုင်းမှာ
တစ်ခုတည်းရှိကြပါတယ်ကွယ် . . . ။
ဦးဆု . . . .း)
No comments:
Post a Comment