Wednesday, May 4, 2016

အဖော်ခံမလား အဆော်ခံမလား သခင်မလေး ကြိုက်ရာရွေး *********************

အဖော်ခံမလား အဆော်ခံမလား
သခင်မလေး ကြိုက်ရာရွေး
*********************

ရပ်တည်ပြန်ရင်လည်း ပတ်သက်ထားတာတွေ အဖေါ်ခံရမယ်။
မရပ်တည်ပြန်တော့လည်း
ပြည်သူတွေက ဆော်ဦးမယ်။
ဝီရသူ ( မစိုးရိမ် )
4:5:2016
am 00:19
-----------------------------------------------------

ကျွန်တော်တို့ဘက်ကတော့ အမေရိကန်သံရုံးရဲ့
့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး
ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။
အမေရိကန်သံရုံးပဲဖြစ်ဖြစ် မြန်မာနိုင်ငံအစိုးရရဲ့
အကြီးအကဲပဲဖြစ်ဖြစ်ပေါ့ဗျာ။
ပြီးခဲ့တဲ့အစိုးရ အဲဒီမတိုင်ခင် မြန်မာနိုင်ငံလူထုရဲ့ရပ်တည်ချက်ကို အလေးထားဖို့လိုတယ်။
ဘင်္ဂလီလို့သုံးတာက
ဦးသိန်းစိန်မတိုင်မီကတည်းကသုံးတာပါ။
ဦးသိန်းစိန်အနေနဲ့လည်းရပ်တည်ခဲ့တယ်။
လက်ရှိအစိုးရလည်း အဲဒီအတိုင်းရပ်တည်ဖို့လိုတယ်။
ဒါကို လက်ရှိအစိုးရအပြောင်းအလဲမှာ
အခွင့်ကောင်းယူပြီးမှ အမေရိကန်သံရုံးအနေနဲ့ လူသားခြင်းစာနာတာကိုအကြောင်းပြပြီး
ဝမ်းနည်းကြောင်းပြောတယ်။
ပြီးတော့ဒီအသုံးအနှုန်းကို ပြန်သုံးတာဟာ နိုင်ငံရေး
ရည်ရွယ်ချက် ရှိရှိလုပ်တယ်လို့မြင်တယ်။

ကျွန်တော်တို့ဘက်ကလည်း ပြောလိုတာက
အောင်တံခွန်သင်္ဘောနစ်တဲ့အခါမှာ တစ်ရာကျော်
အသက်ဆုံးရှုံးခဲ့တာပါ။
အဲဒီတုန်းက လုံးဝ အမေရိကန်သံရုံး အသံမထွက်ခဲ့ဘူး။
အစိုးရသစ်အနေနဲ့ အမေရိကန်သံရုံးရဲ့
ထုတ်ပြန်ချက်ကိုမတုန့််ပြန်တာဟာ
တာဝန်ရှိပါတယ်။
အစိုးရသစ်တစ်ရပ်အနေနဲ့တာဝန်ယူပြီးရက်သတ္တတစ်ပတ်အကြာမှာအခုလိုလုပ်တာကို ချက်ခြင်းတုန့်ပြန်ရမယ်။
အမေရိကန်သံရုံးရဲ့ ရိုဟင်ဂျာအသုံးအနှုန်းကို
လက်ခံခြင်း၊မခံခြင်းကို ပြတ်ပြတ်
သားသား တုန့် ပြန်ရမယ်။ ဒါကြောင့်
အစိုးရအဖွဲ့ကိုလည်းတိုက်တွန်းပါတယ်၊တုန့်ပြန်ပေးပါ။
မိမိရဲ့ရပ်တည်ချက်ကို အများထင်သာမြင်သာရှိအောင် မြန်မာနိုင်ငံသူ နိုင်ငံသားသိအောင်
ပြတ်ပြတ်သားသားရပ်တည်ပေးပါ။
ဆိုပါစို့ အမေရိကန်သံရုံးအတိုင်းရပ်တည်ရင်လည်း
ကျွန်တော်တို့က မပြောပါဘူး။သို့မဟုတ် ဦးသိန်းစိန်အစိုးရလို ရပ်တည်လည်း ကျွန်တော်တို့က ဝမ်းသာတာပေါ့ဗျာ။
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အတိုင်းရပ်တည်ရင်လည်း ကျွန်တော်တို့ကတော့ကန့်ကွက်သွားမှာပေါ့ဗျာ။
ဒေါက်တာအေးမောင်
(ရခိုင်အမျိုးသားပါတီ ANP)
...............................................................

အရင်အစိုးရတုန်းကလည်း အသိမှတ်မှမပြုတာ။ သူတို့က ဘင်္ဂလီပဲလေ။
သင်္ကြန် ရုံးပိတ်ရက်အတွင်းမှာလည်း ဖြစ်တယ်။
သင်္ကြန်ပိတ်ရက်တွေကလည်းများတော့ စောင့်
ကြည့်ရမှာပေါ့။
အခုအစိုးရသစ်ကလည်း နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အဖုအထစ်မဖြစ်
ချင်လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်တာနဲ့
တူပါတယ်။
ဒါကလည်း အရမ်းကြီးအထိမခံဖြစ်လို့ 
လည်းမရဘူး။
နိုင်ငံတကာမှာကျတော့လည်း ရိုဟင်ဂျာလို့ သုံးတယ်။ နိုင်ငံတကာမှာတော့ သူတို့ကရိုဟင်ဂျာ၊
ကျွန်တော်တို့ဆီမှာကျတော့
ဘင်္ဂလီပေါ့။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးမူဝါဒကို  နိုင်ငံတကာ
သံတမန်များရှေ့မှောက်မှာ
ပြောထားပြီးဖြစ်တဲ့အတွက် နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကို
ပြည်သူပြည်သားတွေအပေါ်မူတည်ပြီးဆုံးဖြတ်သွားမယ်ထင်ပါတယ်။
ဦးစိုင်းအိုက်ပေါင်း
( ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ  )
.............................................................

အစိုးရအနေနဲ့ ဒီကိစ္စကို အလျင်အမြန် တုန့်ပြန်သင့်ပါတယ်။
ရိုဟင်ဂျာဆိုတာ သမိုင်းကြောင်းမရှိတာကို အရင်အစိုးရကလည်း အစဉ်တစိုက်တုန့်ပြန်ခဲ့တယ်။
နိုင်ငံတကာ အစည်းဝေးတွေမှာလည်း လူကြီးတွေက ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲလာတဲ့အပေါ်မှာ အမြဲတမ်းကန့်ကွက်ခဲ့တယ်။

၂၀၁၅ သြဂုတ်လမှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး
ရိုဟင်ဂျာအသုံးအနှုန်းကို ကန့်ကွက်တဲ့ ကြေညာချက်တစ်စောင်ထုတ်ခဲ့ဖူးတယ်။ အမေရိကန်သံရုံးက ဧပြီ ၂၀ ရက်နေ့က
ထုတ်ပြန်လိုက်တဲ့အပေါ်မှာ အစိုးရအနေနဲ့တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပါဘူး။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့
ဒါဟာ တစ်ကယ်မရှိဘူး လက်မခံဘူး
ဆိုတာကို ထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။
ဦးဝင်းကိုကိုလတ်
(  အမျိုးသားရေးတက်ကြွလှုပ်ရှားသူ    )

No comments: