လာမည့်ပညာသင်နှစ် KG တန်းအတွက် ကျပ်လေးဘီလီယံကျော်သုံးစွဲမည်ဟုဆို
ရန်ကုန်၊ဇန်နဝါရီ ၇
လာမည့်၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်စတင်မည့် KG တန်းအတွက် သင်ထောက်ကူပစ္စည်းများ၊ ဆရာကိုင်လက်စွဲစာအုပ်များပြုလုပ်ရေး စသည့်အသုံးစရိတ်များအပါအဝင် စုစုပေါင်းကျပ်လေးဘီလီယံကျော် သုံးစွဲရန်ခန့်မှန်းထားကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှသိရှိရသည်။
“ငွေကြေးသုံးစွဲတာနဲ့ ပတ်သက်ပြီးတော့ ဆရာတို့အဲဒီနှစ်ပေါ့။ KG ကလေးတွေသင်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေလုပ်မယ်။ သင်ထောက်ကူပစ္စည်းအတွက် လေးဘီလီယံကျော်လောက်တော့ ရှိမယ်ပေါ့ကွယ်။ ခန့်မှန်းခြေပေါ့။ KG တန်းအတွက်သုံးဖို့ သင်ထောက်ကူလုပ်မယ်။ သင်တဲ့ဆရာလက်စွဲစာအုပ်တွေလုပ်မယ်။ ဒါတွေသုံးစွဲဖို့ရှိတယ်” ဟု တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။
တစ်နိုင်ငံလုံးတွင်အခြေခံပညာမူ/လယ်/ ထက်ကျောင်းပေါင်း ၄၅၀၀၀ခန့်ရှိရာ တစ်ကျောင်းလျှင်ဆရာ၊ ဆရာမနှစ်ဦးနှုန်းဖြင့် KG တန်းသင်ကြားရန်ဆရာ၊ ဆရာမကိုးသောင်းကို ယခုနှစ်ဇန်နဝါရီလမှမေလအထိ သင်တန်းပို့ချပေးနေကြောင်း ဆရာအတတ်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားထားသည်။
သင်တန်းပေးမည့်ဆရာ၊ ဆရာမများကို အသစ်ထပ်မံခေါ်ယူခြင်းမဟုတ်ဘဲ သင်ကြားရေးအတွေ့အကြုံရှိသူ လူငယ်ပိုင်းဆရာများ၊ သင်တန်းပြီးဆုံးသည်အထိ တက်ကြွစွာတက်ရောက်နိုင်သူများ၊ သင်ကြားရေးကောင်းမွန်သူ ခန့်ထားပြီးဆရာ၊ ဆရာမများကို ရွေးချယ်သင်တန်းပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေစာရင်းအရ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေနှင့် သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၁၀၀၄၇၃၃ ဒသမ ၈၀၀၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၁၃၉၃၁၄ ဒသမ ၂၆၆ ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာနတစ်ခုလုံးအနေနှင့် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်းကျပ်သန်း ၁၃၉၉၀၁၃ ဒသမ ၃၃၄ ရှိကြောင်း ပညာရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာများတွင်ထုတ်ပြန်ထားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 8, 2016
လာမည့်ပညာသင်နှစ် KG တန်းအတွက် ကျပ်လေးဘီလီယံကျော်သုံးစွဲမည်ဟုဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment