လေးလက်မအရွယ် iPhone7C မတ်လတွင်ထွက်မည်
လေးလက်မ အရွယ်သာ ရှိတဲ့
iPhone 7C ကို မတ်လအတွင်း Apple မှ ဖြန့်ချိမှာ ဖြစ်ပြီး တရုတ်ပြည်
စီးပွားရေး ဈေးကွက်မှာ သတင်းပြန့်နေပါတယ်။ ယင်း ခန့်မှန်းမှုဟာ
မှန်ကန်ကြောင်းလည်း ထောက်ခံနေကြပြီး ထွက်ရှိလာမယ့် အရွယ်သေးဖုန်းကို
မျော်လင့်နေကြပါတယ်။
A9 Chip ကို အသုံးပြုထားပြီး iPhone 6S မှာ
အသုံးပြုတဲ့ screen ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ ယင်းဟာလည်း Samsung နဲ့
အခြားသော Glass ကုမ္ဗဏီတစ်ခုကနေ ရယူထားခြင်း ဖြစ်ပါတယ်။ ကင်မရာ 8 MP နဲ့ 1.2
MP တို့ ပါဝင်မှာ ဖြစ်ပါတယ်။ အခြားသော
iPhone feature များလည်း ပါဝင်မှာ ဖြစ်ပြီး 3D Touch ပါဝင်နိုင်ချေလည်း
ရှိပါတယ်။ သူဟာ ဈေးသက်သာ iPhone အဖြစ်ထွက်ရှိမှာ ဖြစ်ပြီး တစ်ချိန်တုန်းက
အောင်မြင်ခဲ့တဲ့ လေးလက်မ အရွယ် အိုင်ဖုန်း ဈေးကွက်ကို ပြန်လည်
အသက်သွင်းခြင်း ဖြစ်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။
ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၀၀ နဲ့ ၅၀၀ ကြားမှာ သတ်မှတ်ထားကြောင်း
ဆိုပါတယ်။ လာမယ့် မတ်လဆိုရင် ထွက်ရှိမယ်လို့ ပြောဆိုလျက် ရှိကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
No comments:
Post a Comment