Thursday, January 14, 2016

ယာဉ်မောင်းလိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့  ပြောင်းလဲထုတ်ပေးနေပြီ ဟုဆို

ယာဉ်မောင်းလိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့ 
ပြောင်းလဲထုတ်ပေးနေပြီ ဟုဆို
------ ------- --------
မြန်မာ ၊ အိန္ဒိယ ၊ ထိုင်း သုံးနိုင်ငံအကြား နိုင်ငံအချင်းချင်း ခရီးသည် နှင့် ကုန်စည်များ
မော်တော်ယာဉ်ဖြင့် သယ်ဆောင်သွားလာမှု၏ စည်းကမ်းများ သဘောတူ
စာချုပ်အရ ယာဉ်မောင်း လိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း
လိုင်စင်သို့  စတင် ပြောင်းလဲထုတ်ပေးနေပြီ ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာနက ဇန်န၀ါရီ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယာဉ်မောင်း လိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့
ဇန်နဝါရီ ၁၂ ရက်မှ စတင်၍ နေပြည်တော်ရုံး၌ ပြောင်းလဲထုတ်ပေးနေပြီး
တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင်ရုံးများတွင်လည်း ဆက်လက် ထုတ်ပေးသွားမည်
ဖြစ်ကြောင်း ကညနကထုတ်ပြန်သည်။
Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင် ထုတ်ပေးခြင်းအားဖြင့် လိုင်စင်
ကိုင်ဆောင်သူ တစ်ဦးချင်း၏ အချက်အလက်များကို လုံခြုံစိတ်ချစွာ ထိန်းသိမ်း
ပေးနိုင်ခြင်း ၊ လိုင်စင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုကို စစ်ဆေးသည့် နေရာတွင်
ချက်ချင်း အတည်ပြုနိုင်ခြင်း ၊ ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား အမှတ်
ပေးသောစနစ် Demerit Point System အရ ပြစ်မှု ကျူးလွန်သော ယာဉ်မောင်းများ
အား အမှတ်ပေး၍ အပြစ်ပေး အရေးယူ ဆောင်ရွက်နိုင်ခြင်းတို့ ကြောင့်
ယာဉ်စည်းကမ်း ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်မည်
ဖြစ်သည့် အပြင် ယာဉ်မောင်း လိုင်စင်အတု ကိုင်ဆောင်မှု များအားလည်း
အလွယ်တကူ စစ်ဆေးဖော်ထုတ်နိုင်မည် ဖြစ်သည်ဟု ကညန၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
The Ladies News Journal

No comments: