တမူးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ပေါ်တွင် ယနေ့(ဇန်န၀ါရီလ ၆ ရက်) နံနက် ၁၁ နာရီ မိနစ် ၄၀ခန့်က ကသည်းလူမျိုးဟု ယူဆရသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တမူးမြို့ ဈေးတန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ဦးမောင်မောင်ဆိုသူ အပစ်ခံရခြင်းဖြစ်ပြီး ယင်းနေရာတွင်ပင် သေဆုံးသွားကြောင်း၊ ဖြစ်စဉ်ကို စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။
“ သေနတ်နဲ့ အနည်းဆုံး သုံးချက်ပစ်ခံရတယ်။ ဆိုင်ကယ်နဲ့ အနီးကပ်လာပြီး ကပ်ပစ်သွားတာ ” ဟု တမူးလူငယ်ကွန်ရက်ဝင်တစ်ဦးကဆိုသည်။
တမူးမြို့သည် အိန္ဒိယနယ်စပ်အနီးတွင်တည်ရှိပြီး ယင်းကဲ့သို့အဖြစ်မျိုး မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ သို့သော်လည်း မြို့နှင့် အလှမ်းဝေးသည့်နေရာများတွင်သာ ဖြစ်ခဲ့ကာ ယခုကဲ့သို့ မြို့ပေါ်တွင် ဖြစ်ပွားခြင်းကြောင့် မြို့နာကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ပြောဆိုသည်။
(Photo- Yin Ko Oo,Lin

No comments:
Post a Comment