Tuesday, January 19, 2016

ကလေးခိုးကောလာဟလများကို အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းဖော်ထုတ်မည်

ကလေးခိုးကောလာဟလများကို အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းဖော်ထုတ်မည် Tuesday, January 19, 2016 ကလေးခိုးကောလာဟ လများ အမြန်ဆုံးဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံအနှံ့မှ အရပ်ဘက်အ ဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဒေသအနှံ့တွင် ကလေးခိုးယူသူများ ဖမ်းမိသည် ဟူသော ကောလာဟလများ ထွက်ပေါ်နေပြီး ယခုရက်ပိုင်း၌ ပိုမို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေ သည်။ မန္တလေးမြို့တွင် ကလေး ခိုးသူဟု စွပ်စွဲခံရသူကို အခင်းဖြစ် ပွားရာအနီးဝန်းကျင်ဒေသခံများ က ၀ိုင်းဝန်းရိုက်နှက်သောကြောင့် သေဆုံးခဲ့သည်။ စစ်ဆေးချက်အ ရလည်း အမှန်တကယ်ကလေး ခိုးသူများမဟုတ်ဘဲ သတင်းအ မှား ထုတ်ပြန်နေသူများကြောင့် စိုးရိမ်မှု လွန်ကဲနေကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ ထိုကဲ့သို့ သတင်းအမှားများထွက်ပေါ်နေမှုသည် နိုင်ငံရေးအခြေအနေရှုပ်ထွေးစေရန် အဖွဲ့အစည်းတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဟု သံသယရှိသောကြောင့် အရပ်ဘက်အဖွဲ့အစည်းများချိတ်ဆက်၍ စုံစမ်းဖော်ထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသည့် ချယ်ရီပုံရိပ်လူမှုအဖွဲ့အစည်းတာဝန်ခံဒေါ်ချိုမြဦးက ပြောသည်။ ‘‘လူမှုအဖွဲ့အစည်းတွေစလှုပ်ရှားမယ်။ အောက်ခြေကျေး ရွာကွန်ရက်တွေကတစ်ဆင့် ကလေးတကယ်ပျောက်၊ မ ပျောက် စာရင်းယူမယ်။ ရဲစခန်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အချိန်နဲ့အမျှ ထူးခြားဖြစ်စဉ်တင် ရတယ်တဲ့။ အဲဒီတော့လံကြုပ်ဖြစ် စဉ်လား၊ တစ်ကယ်လား စုံစမ်း ကြတော့မယ်။ ကလေးသူခိုးကိစ္စ အမြစ်လှန်နိုင်မှရမှာ။ ဒီအခြေအ နေကို တစ်နည်းနည်းနဲ့ မတားဆီး နိုင်ရင် ဒေါသထွက်နေတဲ့ လူအုပ် ကြီးတွေ၊ ကျောင်းသားတွေကို ရိုက်ခွင့်ပေးခဲ့တဲ့ လက်ပတ်နီတွေ ၀င်ပါလာရင် နိုင်ငံရေးရှုပ်ကုန် လိမ့်မယ်’’ဟု ဒေါ်ချိုမြဦးက ပြော သည်။ ကောလာဟလများထွက် ပေါ်လာပါက အခင်းဖြစ်သည်ဟု သတင်းထွက်သောနေရာကို အ ရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူ များက သွားရောက်ကာ ရဲတပ်ဖွဲ့ နှင့်ချိတ်ဆက်၍ ဖြစ်စဉ်အမှန်ကို လူမှုကွန်ရက်က ချက်ချင်းထုတ် ပြန်ရန်စီစဉ်ထားကြောင်း ဘားအံ မြို့နယ် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ကိုမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် ရှမ်း၊ မွန်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လူမှုအဖွဲ့အစည်းများ ချိတ်ဆက်ထားကာ ၎င်းတို့၏အစီအစဉ်ကို ယနေ့ (ဇန်န၀ါရီ ၁၉ ရက်)တွင် စတင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မော်လမြိုင်မြို့အခြေစိုက် မွန်လူမှုအဖွဲ့အစည်းကွန်ရက်မှ ကိုသောင်းညွန့်စိုးက ‘‘နိုင်ငံရေး စပ်ကူးမပ်ကူးကာလမှာ အေးချမ်း စွာ အာဏာလွှဲပြောင်းနိုင်ပါ့မလား စိုးရိမ်လာတယ်။ တကယ်ခိုးနေ တာလား။ ကောလာဟလတွေဖြန့် နေတာလားစုံစမ်းပြီး ချက်ချင်း သတင်းထုတ်ပြန်ဖို့ ကြိုးစားမယ်။ တချို့ကိစ္စတွေက သေချာမသိဘဲ ဖြစ်နေတာ။ ရဲတွေကိုယ်တိုင် လည်း မျက်စိလည်နေတယ်။ တကယ်လည်းဖြစ်နေတဲ့ အသံ တွေထွက်တယ်။ ဖြစ်သလိုလို မဖြစ်သလိုလိုလည်းရှိတယ်။ ရဲ တွေလည်းမဟုတ်ပါဘူးလို့ ပြော တယ်။ ပြီးတော့ အုန်းအုန်းနဲ့ လူ တွေရဲ့ စိတ်ဝင်စားမှုတွေပိုမြင့် လာတယ်။ စာသင်ကျောင်းတွေ မှာဆိုလည်း ဆရာမတွေအပေါ် ၀န်တွေပိုပိလာတယ်။ ဒါကြောင့် အဖြေတစ်ခုခုရှာဖို့ လိုအပ်လာ တယ်လို့ထင်တယ်’’ဟု ပြော သည်။ ဇန်န၀ါရီ ၁၈ ရက်ကပင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ၌ ကလေးခိုးယူခံရကြောင်း သ တင်းတစ်ခုကို လားရှိုးလူငယ်များ ပရဟိတအဖွဲ့ဟူသော ဖေ့စ် ဘွတ်ခ်အကောင့်နာမည်ဖြင့် သ တင်းလွှင့်သောကြောင့် မြို့ခံလူမှု ရေးလုပ်ဆောင်သူများက မဟုတ် မှန်ကြောင်း ဖြေရှင်းခဲ့ရသည်။ ကလေးခိုးမှုကောလာဟလများ မှာ ယနေ့အချိန်အထိ သတင်းအ မှားများသာဖြစ်နေပြီး ရှုပ်ထွေးမှု များရှိနေကာ စုံစမ်းဖော်ထုတ်နေ ကြောင်း လူကုန်ကူးတားဆီးနှိမ် နင်းရေးတပ်ဖွဲ့မှ ရဲမှူးကြီးခင် မောင်လှက ပြောသည်။ 7Day Daily

No comments: