သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ပြောင်းရွှေ့တော့မည်
=============================
၂..၁..၁၆
-
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၎င်း၏လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှအနားယူရန်အချိန်နီးကပ်လာသဖြင့် ယခုလ ၁၅ ရက်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ၎င်း၏သားဖြစ်သူဦးတိုးနိုင်မန်းက ပြောကြားသည်။
-
"ခုကျွန်တော်ကရန်ကုန်ပြန်ရောက်နေတော့ သေချာမသိဘူးဗျ။ ၁၅ ရက်နေ့လောက် အပြီးရွှေ့မယ်လို့တော့ သိရတယ်" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် လွှတ်တော်ဥက္ကဋ္ဌ နေအိမ်မှ ကိုယ်ပိုင်ပစ္စည်းများကို
စတင်သိမ်းဆည်း၍ ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ လွှတ်တော်အသိုင်းအဝိုင်းက ဆိုသည်။
-
လွှတ်တော်သက်တမ်းသည် ယခုလကုန်တွင်သက်တမ်းကုန်ဆုံးမည်
ဖြစ်သော်လည်း အတည်ပြုရန်ကျန်ရှိနေသည့် ဥပဒေအချို့ကို အားစိုက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုထားသည်။
-
သူရဦးရွှေမန်းသည် တပ်မတော်အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့
သည့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(ငြိမ်း) နေထိုင်ရာ ခြောက်လုံးတန်းမှအိမ်သို့ ပြောင်းရွှေရန်ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးတိုးနိုင်မန်းက ဆိုသည်။
-
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်တွင် (ရွေးကောက်ပွဲ မတိုင်မီ) လွှတ်တော်
ဥက္ကဋ္ဌနေအိမ်မှ ၎င်းပိုင်ဆိုင်သည့် ရာဇသင်္ဂဟအိမ်ရာ (၁) ရှိ နေအိမ်သို့ ပြောင်းရွေ့ပြီး ဖြစ်သည်။
============
The Voice Weekly
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 2, 2016
သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ပြောင်းရွှေ့တော့မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment