မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ဘဂ္ဂဒက်မှာ အမေရိကန် နိုင်ငံသားတွေ ပျောက်ဆုံးနေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အတည်ပြု
ဘဂ္ဂဒက်မှာ အမေရိကန် နိုင်ငံသားတွေ ပျောက်ဆုံးနေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အတည်ပြု
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်မှာ ပျောက်ဆုံး သွားကြတယ် ဆိုပြီး သတင်း ရရှိ ထားတဲ့ အမေရိကန် နိုင်ငံသား တွေ အုပ်စု ကို ရှာဖွေ နေတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် လိုက် ပါတယ်။
ဒါပေမယ့် ပျောက်ဆုံး နေသူ တွေ ဟာ ဘယ်သူ ဘယ်ဝါ တွေ ဆိုတာ နဲ့၊ ဘယ်လို ပျောက်ဆုံး သွားတာ လဲ ဆိုတဲ့ အချက် တွေကို တော့ ထုတ် မပြောသေး ပါဘူး။
အီရတ် အာဏာပိုင် တွေ ရဲ့ အပြည့်အဝ ပူးပေါင်း ကူညီ မှု နဲ့ အတူ ပျောက်ဆုံး နေသူ တွေကို ပြန်လည် တွေ့ရှိ နိုင်ဖို့ ကြိုးစား နေတယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့် ရ ပုဂ္ဂိုလ် က ဆိုပါတယ်။
အယ်လ် အာရေဘီးယား သတင်းဌာန က အမေရိကန် ၃ ဦး ပြန်ပေးဆွဲ ခံလိုက် ရတယ် ဆိုပြီး ကြေညာ ခဲ့ အပြီး အမေရိကန် နိုင်ငံခြားရေး ဌာန ဘက်က အခုလို ထုတ်ဖော် ပြောဆို လာတာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment