Thursday, January 7, 2016

အစားအသောက်အကြောင်းပဲအမြဲတွေးနေတဲ့ ကိုယ်အလေးချိန်၆၄၉ ပေါင်ရှိတဲ့အမျိုးသမီး

Nikki အနေနဲ့  Gastric Bypass Surgery  လုပ်အပြီးမှာတော့ ၂၀၇ပေါင်အထိလျော့ချနိုင်ခဲ့ပါတယ်။ သူမရဲ့ကိုယ်အလေးချိန်
ဟာ ၄၄၃ ပေါင်ဖြစ်လာခဲ့ပါတယ်။ သူမအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြံ့ခိုင်ဖို့အတွက်လည်း therapist တစ်ယောက်ကို တွေ့
နေပါတယ်။ Nikki အနေနဲ့ နောက်၁၂လကနေ ၁၈လအတွင်းမှာ နောက်ထပ် ပေါင်၂၀၀လောက်ချဖို့  မျှော်လင့်နေကြောင်း
လည်းသိရပါတယ်။


အစားအသောက်အကြောင်းပဲအမြဲတွေးနေတဲ့ ကိုယ်အလေးချိန်၆၄၉ ပေါင်ရှိတဲ့အမျိုးသမီး


သူမဟာ မကြာမီမှာ ထုတ်လွှင့်တော့မယ့် ရုပ်သံစီးရီးဖြစ်တဲ့ My 600Lb Life မှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူမအအနေ
နဲ့ မိုးလင်းလို့မျက်လုံးဖွင့်ကတည်းက စစဉ်းစားမိတာ အစားအသောက်ကြောင်းပါပဲတဲ့။ ‘”ကျွန်မရဲ့အလေးချိန်က ကျွန်မကို
အားနေစေပါတယ်။ ကျွန်မခန္ဓာကိုယ်က အရမ်းကိုနာကျင်ပါတယ်။ ကျွန်မကိုယ် ကျွန်မလုပ်ခဲ့တာတွေပါ။ ကျွန်မဒါကိုအရမ်း
မုန်းပါတယ်။ ဒါပေမယ့် ကျွန်မ အစားအသောက်ကို စွဲလန်းနေပါပြီ။ “လို့ ပြောခဲ့ပါတယ်။ Nikki ရဲ့မိသားစုများကလည်း အရမ်း
ဒေါသထွက်တာကြောင့်  သူမကို လာမတွေ့တော့ပါဘူး။



နောက်ဆုံးစစ်တမ်းတွေအရ UKမှာ Gastric Bypss Surgery လို့ခေါ်တဲ့ အစာအိမ်ကို Bypass လုပ်တဲ့ အထူးခွဲစိတ်မှုတွေဟာ
530% အထိမြင့်တက်လာခဲ့ပါတယ်။ My 600LB Life ဆိုတဲ့ စီးရီးကတော့ ပြန်ပြီး ဝိတ်ချလို့ မရလောက်အောင် ဝသွားသူ
တွေအနေနဲ့ အန္တာရယ်များတဲ့ ခွဲစိတ်မှုတွေကို ရင်ဆိုင်ရတာကို ရိုက်ထားတာဖြစ်ပါတယ်။


No comments: